Unicode ver...
ချပြဖို့ လုပ်ထားပါရက်နဲ့
မထင်မှတ်တဲ့အချိန်မှာ ထိုအရာက
ပေါ်ထွက်လာတာမျိုးကို ခင်များတို့ကြုံဖူးလား။ဒါဆိုရင်တော့ ခင်များမှာလည်း
လျို့ဝှက်တတ်တဲ့ အကျင့်ရှိမယ်ထင်ပါတယ်။~~~~~
Xiao Zhan သူ့အမေကို ပြောစရာစကားတွေ ရှိနေပါရက်နဲ့ ပြောမထွက်ပဲ သူ့အမေရဲ့ မျက်နှာကိုသာ ငေးကြည့်နေလေသည်။ အခုချိန်မှာ သူနဲ့အမေတာ နှစ်ယောက်တည်းဆိုပေမဲ့ သူတကယ် ဘာစကားမှ မဆိုနိုင်တော့။
ပြောမထွက်တာလား ပြောဖို့မရှိတော့တာလား ကျွန်တော်ဘာလို့ အာစေးနေမိတာလဲ။
"သားက အမေ့ကိုတောင်မလွမ်းတော့ဘူးလား ဒီလောက်နှစ်ကြာအောင် မတွေ့ရတာ
ပြောစကားတောင်မရှိဘူးလား""အမေ ဘယ်ကတည်းက ရောက်နေတာလဲ"
တကယ်အခု ကျွန်တော်အမေးချင်ဆုံးက ဒီ
စကားပါပဲ။ အမေက ဘယ်ချိန်ကတည်းက ရောက်လာတာလဲ။ ကျွန်တော်ကကော ဘာလို့မသိတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။"အမေက မနေ့က ရောက်တာလေ။ သားမွေးနေ့မှာ Supriseဖြစ်အောင်လို့ပါ။ ဘယ်လိုလဲ ရင်ခုန်သွားလား"
"ကျွန်တော်~~~"
"မနေ့က သားဘယ်မှာအိပ်တာလဲ။ သားအကျင့်အရ Hotelမှာ ပျော်ပါးတတ်တဲ့လူလည်း မဟုတ်ပါဘူး"
ကျွန်တော်စကားစယုံပဲ အမေ့စကားကြောင့် ကျွန်တော့်မှာ လှည့်ထွက်ဖို့ ဘာစကားမှရှာမ
ရတော့။ ကျွန်တော့်ရဲ့ မာတာမိခင်ဟာ အမှန်တကယ် ပါးနပ်လွန်းပါတယ်။ကောင်လေးကိစ္စကို ကျွန်တော်အမေ့ကို တစ်နေ့ပြောပြဖို့ လုပ်ထားပေမဲ့ အခုလို
ရုတ်တရက်ဆိုရင်တော့ ကျွန်တော်တကယ် စကားလုံးတွေ မစီတတ်တော့ပါ။"ဖြေပါအုံး သားရယ်"တဲ့ အမေဟာ ထူးဆန်းစွာပဲ စိတ်ရှည်ပြနေတယ်။
ကြောက္ဖို့ကောင်းစွာပဲ ငြိမ်သက်နေပြန်တယ်။ အမေက ဘာကိုဖော်ထုတ်ချင်နေတာလဲ။"ကျွန် ကျွန်တော့် သူငယ်ချင်းအိမ်မှာ သွားအိပ်တာပါ"
"သားအမေ့ကို ဘာမှ ညာမထားပါဘူးနော်"
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...