ရုပ်သေး (or) Final

4.8K 266 156
                                    

(Unicode Ver...)

"ကိုယ့္ကိုယ္ကို ဂရုစိုက္ ပါနော် baby"

စိတ်မချမှုများစွာနဲ့ စကားမှာနေတဲ့ ChanLaeက မသိရင် မတွေ့တော့မဲ့ လူတစ်ယောက်ကို မှာနေသလို။

Yibo အသာပြုံးပြီး သူ့လက်ကို အုပ်ကိုင္ထားတဲ့ ChanLae လက်ကို အသာအုပ်ကိုင္လို့ ~~~

"စိတ်ချ ပါ Wu ChanLae ခင်များက ကျွန်တော့်အတွက် အ​ကောင္းဆုံး သူငယ်ချင်းပါပဲ။ တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်"

တရွေ့ရွေ့ထွက်ခွါသွားတဲ့ ကျောပြင်ငယ္ကို ငေးရင်း ChanLae မျက်ရည်ကျမိပါသည်။

ပျော်နေပါ ချစ်ရသူရယ်။

အချစ်လို့ ခေါင်းစဥ်တပ်ပြီး နာနာသမျှ အနာကျင်ဆုံးက တစ်ဖက်သတ်အချစ်ပါလို့ ကျွန်တော် သတ်မှတ်လိုက်ပါပြီ။

~
~
~

"တောင်းပန်ပါတယ် အစ်ကို"

ရင်ခွင်ထဲ တိုးဝင်ပြီး ထိုသို့ ဆိုလာတဲ့ ကောင်လေးကြောင့် ကျန်တော့်မှာ အံ့သြသွားရလေသည်။ ကောင်လေးက ဘာအတွက် တောင်းပန်နေပြန်တာလဲ။

"ကောင်လေးက ဘာလို့ တောင်းပန်နေတာလဲ တစ်ခုခု လုပ်ချင်တာ ရှိနေလို့လား"

ကျွန်တော် ထိုသို့မေးတော့ ကောင်လေးက ခေါင်းခါပြလာလေသည်။ Xiao Zhan တို့ ပြာယာခတ်ရပြီ အဘယ္သောအရာကြောင့်  တောင္းပန်နေတာပါလိမ့်။

"ဒီည မင်္ဂလာ ဦးညလေ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒီခန္ဓာ​ကိုက ဘာမှ မဖြည့်ဆီးပေးနိုင်~~~"

နှုတ်ခမ်းထက် ရောက်လာတဲ့ လက်ညိုးကြောင့် Yibo အသံတို့ တိတ်သွားရလေသည်။

"မလိုဘူးကောင်လေး ကိုယ်မင်းကို ချစ်တာ မြတ်နိုးတာ နာကျင်စေဖို့ တစ်စက်ကလေးမှ တွေးမထားပါဘူး"

"ဒါပေမဲ့~~~"

"ကောင်လေးရှိနေတာပဲ ကောင်လေးရှိနေတာနဲ့တင် ဘဝတစ်ခုလုံးက ပြီးပြည့်စုံပါပြီ"

ဒီမင်္ဂလာဦးညမှာတော့ ကောင်လေးဟာ အစ်ကို့ရင်ခွင်ထဲ တိုးဝင်ပြီး ပင်ပန်းထားသမျှ အနားယူဖို့ မျက်လုံးမှိတ်လိုက်လေသည်။

puppet (ရုပ်သေး) (ZSWW) (complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ