ခြောက်ခြားဖွယ် အိမ်မက်

1.9K 223 36
                                    

Unicode ver...

ညဘက်ပဲဖြစ်ဖြစ်၊ နေ့ဘက်ပဲ ဖြစ်ဖြစ်၊
ကောင်လေးက ကိုယ့်အပိုင်ဖြစ်သလို၊
ကိုယ်ကလည်း ကောင်လေးအပိုင်မို့၊
ဘုရင်လည်း ရှောင်စရာမလိုသလို၊ ပြည်သူကိုလည်းပြေးစရာမလိုဘူး။

ကိုယ်က မင်းအပိုင်ပါလို့ ခေါင်းမော့ ရင်ကော့လို့ နေထိုင်လိုက်စမ်းပါ ကောင်လေးရာ။

~~~~~

CEO Xiao Zhan ရောက်လာပြီ ဆိုတာနဲ့ အားလုံးရဲ့ခေါင်းက ကွန်ပြူတာနဲ့ Kissပေးတော့မတတ် ခေါင်းငုံ့လို့ အလုပ်ကိုသာ အာရုံစိုက်နေကြလေသည်။ ဒါကတော့ ပုံမှန်ဖြစ်နေကြ ပုံစံလေးဖြစ်သည်။

ဒါပေမဲ့ မူမမှန်တာ တစ်ခုက ဝန်ထမ်းတွေရဲ့ လုပ်ရပ်မဟုတ်ဘဲ CEO Xiao Zhanကိုယ်တိုင် ဖြစ်နေလေသည်။

"ကောင်လေး ဒါက ကြီးကြပ်ရေးခန်းလေ~~
ဒီဘက်က ဝန်ထမ်းတွေ~~~
ဒီဘက်က~~~~ ကောင်လေးကြည့် ~~~
ဟိုဘက်ကော~~~~"

အရင်က Xiao Zhan မှန်ရင်တော့ အလုပ်သင်လေးတွေဆို မန်နေဂျာပင်းကိုသာ လွှဲပေးတတ်ပေမဲ့ ဒီနေ့မှာတော့ သူကိုယ်တိုင် ကိုယ်ထူကိုယ်ထ အောက်ထပ်ကနေ အပေါ်ထပ်ထိ သူကိုယ်တိုင်သာ လိုက်လှံပြသနေလေသည်။

အလုပ်သင်တွေက ဒါတွေ အစုံအဆန် သိဖို့ လိုသလား။ တကယ်ဆို စည်းကမ်းချက်တွေ ပေးဖတ်ယုံနဲ့ ရပြီမဟုတ်ပါလား။

မန်နေဂျာကတော့ Yiboကို ဥက္ကဌတစ်ယောက်လို သဘောထားပြီး သူ့ကိုယ်သူ
အလုပ်သမား တစ်ယောက်လို ပြုမူနေတဲ့ Xiao Zhanကို ကြည့်ပြီး
ပါးစပ္အဟောင်းသား ဖြစ်နေလေသည်။

အားလုံးရဲ့ တအံ့တသြ ဖြစ်မှုကို သတိမထားမိတဲ့ Xiao Zhanကို ယီွပင်းက အသာအသိပေးမှ သူ့ကိုယ္သူဘာလုပ်နေမှန်းသတိကပ်လေသည်။ Yiboကလည်း ဘူမသိ ဘာမသိနဲ့ Xiao Zhan ပြတဲ့နေရာကို လိုက်ကြည့်နေမိလေသည်။

"မန်နေဂျာပင်း လုပ်စရာရှိသွားလုပ်တော့
ဒီကောင်လေးကို ကျွန်တော်ပဲ သင်ပြပေးမယ်"

Xiao Zhanစကားကြောင့် မန်နေဂျာတစ်ယောက် ပါးစပ်အဟောင်းသားနဲ့~~~

"ဟုတ် ဟုတ်ကဲ့ပါ CEO"

ယီွပင်းကတော့ ဝန်ထမ်းတွေနဲ့ မန်နေဂျာရဲ့ ပုံစံကိုကြည့်ပြီး ခီွးချင်နေတဲ့စိတ်ကို မနည်းထိန်းနေရလေသည်။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now