"ရေစက်" သို့မဟုတ် "ဝဠ်ကြွေး"

1.3K 159 14
                                    

Unicode ver...

"ဟင့် ကျွန်တော်တောင်းပန်ပါတယ်"

"မလိုဘူး မလိုဘူး ကိုယ်ဒါတွေ မကြားချင်ဘူး ကိုယ်သိချင်တာ အရင်က အရာတွေက မင်းလိမ်ညာထားတာ မလား။ မင်းကိုယ့်ကို ညာနေတာ မလား။ ကိုယ်တကယ် အဲဒါပဲ သိချင်တယ်!"

တောင်တက်လမ်းတစ်နေရာက မေပယ္ပင်အောက်မှာ ချစ်သူတွေဖြစ်ဟန်ရတဲ့ ကောင်ငယ်လေးနှစ်ယောက်က အငြင္းအခုန္ အားသန်နေလေသည်။

တင်းမာလာတဲ့ အခြေအနေတွေကြားမှာ ငိုရှိုက်သံတွေလည်း တစ်စ တစ်စ ကျယ်လောင်လာလေသည်။

"ကျွန်တော် မညာဘူး"

"အား~~~ ဘာလို့လဲ! ဘာလို့ အတင်း ညာနေတာလဲ! ဘာလို့လဲ လို့!"

"အင့်! ~~~ဟင့်"

ခေါင်းလေးအတင်းခါလို့ ငြင်းဆန်လာတဲ့ Yiboကြောင့် Xiao Zhan စိတ်မထိန်းနိုင်စွာပဲ Yiboရဲ့ လက်မောင်းနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လို့ အားနဲ့ လှုပ်ခါလိုက်လေသည်။

ခေါင်းခါပြီး ငိုရှိုက်နေတဲ့ Yiboက ဒေါသတစ်ကြီး ဖြစ်နေတဲ့ Xiao Zhanကို လုံးဝ မော့ မကြည့်ပဲ ခေါင်းကို အတတ်နိုင်ဆုံးလည္း ငုံ့ထားသေးသည်။

"ကိုယ့်ကိုကြည့်ပြီး ဖြေစမ်းပါ။ ကိုယ့်ကို အမှန်တိုင်းပြောပြပါ။ ကိုယ်တို့ အတူတူ ရင်ဆိုင် ကြမယ်လေနော်။ ကိုယ့်ကို အရာအားလုံး ပြောပြစမ်းပါ"

"ကျွန်တော် ဘာမှ မသိဘူး"

"မဟုတ်ပါဘူး ကောင်လေး ညာနေတာ မလား။ ဟုတ်တယ်မလား ကောင်လေးညာနေတာ။"

"ကျွန်တော် မညာဘူး။ ကျွန်တော် ပြောခဲ့ လုပ်ခဲ့တာ တကယ့်အမှန်တရားတွေပါ။"

သူဘယ်လောက်ပဲ ပြောယူနေပါစေ ငြင်းပယ်ခြင်းကိုသာ ဦးတည် နေတဲ့ Yiboကြောင့် Xiao Zhan ဒေါသပိုထွက်သွားရလေသည်။

"ဒါဆို ဘာလို့ ဒီလို လုပ်ရတာလဲ!!!"

ဒေါသကြောင့် Yiboလက်မောင်းကို ဆုပ်ကိုင်ထားတဲ့ Xiao Zhanလက်က ပိုတင်းကြပ်လာပြီး အားနဲ့ ဆောင့်ဆွဲလိုက်တာကြောင့် Yiboခန္ဓာကိုယ္က Xiao Zhanနဲ့ ပိုနီးကပ်သွားသလို ခြေဖျားလေးပါ တစ်ဆက်တည်း ထောက်မိသွားလေသည်။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now