သားမိုက်

1.4K 166 30
                                    

Unicode ver...

လက်သေးသေးဖောင်းဖောင်းလေးက
အမေ့အကျင်္ီစကို အားလေးထည့်ဆွဲတဲ့အခါ အမေက "သားလေး ဘာလုပ်ချင်တာလဲ မေမေလုပ်ပေးမယ်လေ မေမေ့ ချစ်မွှေးလေး" တဲ့။

ထိုအချိန်တုန်းက မိခင်ဟာ သားငယ်ပီစိလေးကို သိပ်ကိုအလိုလိုက်လွန်းပါတယ်။

အရွယ်လေးရလာတော့မှ အမေ့လက်ကို တယုတယ ကိုင်ယူလို့ ပါးစပ်ဟမယ်လုပ်တဲ့ခါ ဘာအတွက်ကြောင့်များ အမေက
"ဒါလုပ်၊ ဒါယူ၊ ဒါစား "ဆိုပြီး အမိန့်ချင်းထပ်နေအောင် ရေရွတ်သွားရတာလဲ။

အရင်လိုကများ အလိုမလိုက်ချင်တော့တာ ဘာအတွက်ကြောင့်များလဲ။

သားလေးက အသက်အရွယ်ရလာ၍လား? ဒါဆို ဘာကြောင့် ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရခဲ့တာလဲ။ သားလေးက ကလေးပဲရှိသေးတယ်ဆို ငယ်ငယ်တုန်းကလို ဆိုးခွင့်မရခဲ့ပြန်ရော။

အလုပ်လုပ်ချိန်မှာ လူကြီးဖြစ်ခိုင်းပြီး
နှလုံးသားရေးရာ ဆွေးနွေးရချိန်မှာ
အသက် ၅နှစ်ခလေးသာသာအဖြစ် နေထိုင်ခိုင်းရတာ တကယ်ပဲ မိဘတွေရဲ့ အတ္တတွေလား။

"အမေရယ် သားမလုပ်တတ်ဘူး" လို့ ပြောမိသွားရင် "လူကဖြင့် ကြီးနေပြီ ဒါလေးတောင် မလုပ်တတ်ဘူးလား" ဆိုတဲ့ စကားလေး ပြန်ရလိုက်တဲ့ ခံစားချက်မျိုး။

အချောအလှ တစ်ခဏတာ ငေးမောမိသွားပေမဲ့ ကြားနေကျလေးက "ခုမှ ကလေးပဲ ရှိသေးတာ ဒါမျိုးတွေ တွေးတတ်နေပြီလား" ဆိုတဲ့ စကားသံလေးတွေ ကြားလိုက်ရတဲ့ ခံစားချက်မျိုး။

လိမ္မာလွန်းတဲ့ ခလေးတစ်ယောက်က ခရီးလွန်ရင် ထိန်းမရအောင် ဆိုးသွမ်းသွားတတ်တယ်ဆိုတာ မိဘတွေဆီ ခိုးပြီး တီးတိုး ပြောပြလိုက်ချင်မိသည်။

သား/ သမီး မိဘကြား အချစ်ဆိုတာ
ဖြူစင်တယ်လို့ ကြားဖူးတယ်။ အတ္တအရိပ်အယောင်လေးတွေပါ ကင်းဝေးခဲ့ရင် ပိုတိုးလို့ အေးချမ်းလေမလား။

ဘာလို့လဲလို့ မေးလာရင်။
ချစ်ခြင်းရဲ့ အလွန်မှာ အတ္တတွေက
ကိုယ်ထင်ပြနေတတ်တာမလို့ပါပဲ။

~~~~~

မယုံကြည်နိုင်တဲ့ အရိပ်တွေ၊ နာကျင်တဲ့အရိပ်တွေ၊ ဝမ်းနည်းအားပျက်နေတဲ့ အရိပ်အယောင်တွေက မိခင်ဖြစ်သူကို တွေတွေလေး စိုက်ကြည့်နေတဲ့ Xiao Zhanရဲ့ မျက်ဝန်းထဲမှာ နေရာယူလို့။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now