Extra

3.6K 228 238
                                    

Unicode ver....

"ကောင်လေး ဒီနေ့ ဘယ်သွားချင်သေးလဲဟင်"

"ဟင့်အင်း ကျွန်တော် အိမ်မှာပဲ နားနား နေနေ နေချင်တယ် "

"သေချာလား"

"ဒါပေါ့ အစ်ကိုရဲ့ အစ်ကိုနဲ့ ဒီလိုလေးပဲ နေနေရရင်ကို ရပြီ"

"ဟုတ်ပါပြီဗျာ ကောင်လေး စိတ်တိုင်းကျ ပါပဲ"

Xiao Zhanတစ်ယောက် ရင်ခွင်ထဲက Yiboလေးကို တဖွဖွ နမ်းလိုက် စကားပြောလိုက်နဲ့ အလုပ်ရှုပ်နေလေသည်။

အခုတော့ တိုက်ပုအိမ်သေးသေးလေးထဲမှာ ကျွန်တော်နဲ့ ကောင်လေးနှစ်ယောက်တည်း။ အရင်ရက်တွေကတော့ ပြတင်းပေါက်ကြားက လာလာချောင်းတဲ့ မျက်ဝန်းတွေ တွေ့နေတယ်။ ခုရက်ပိုင်းတော့ မလာကြတော့လို့ ကျွန်တော် အရမ်းပျော်တာပဲ အခုဆို ကောင်လေးနဲ့ ကျွန်တော် လွှတ်လပ်သွားကြပြီလေ။

"အိုအေး အိုအေး အေး အေး အိုအေး~~~~"

ညဘက်ထွက်လာတဲ့ သားချော့တေးလေးနဲ့အတူ ကောင်လေးတစ်ယောက်က သူ့ရဲ့ ချစ်သူကောင်လေးပေါင်ပေါ်မှာ ခေါင်းတင်ပြီး ဇိမ်ယူနေလေသည်။

"ကိုယ် အိပ်မပျော် မချင်း မရပ်နဲ့နော်။ ကောင်လေး အရင်အိပ်ပျော်သွားရင် ကိုယ်က အိမ်မက်ဆိုးတွေ ထထ မက်တတ်လို့ပါ"

"ဟုတ်ကဲ့ပါဗျာ စိတ်ချ အစ်ကို အိပ်ပျော်သည်ထိ ကျွန်တော် ဆိုပြပါ့မယ် မွ"

နဖူးပေါ် အနမ်းနွေးနွေးလေး ကျရောက်လာတာနဲ့ လူက အိပ်ဆေးသောက်မိသည့်အလားပဲ မျက်လုံးကို အားယူဖွင့်တာတောင် မရတော့ဘူး။ ကောင်းသောညပါနော် ကိုယ့်ရဲ့ကောင်လေး။

ကုတင်ပေါ်က ကောင်လေးတစ်ယောက်ကတော့ အိပ်ပျော်သွားပြီ ဖြစ်ပေမဲ့။ သီချင်းတစ်ပုဒ်ပဲ ပြန်ပြန်လာစေဖို့ လုပ်ထားတဲ့ ဖုန်းလေးကတော့ ခုချိန်ထိ အသံတို့ လွှင့်ပေးနေဆဲ။ သေချာပေါက် ထိုသီချင်းကတော့ Xiao Zhanဆိုတဲ့ ကောင်ကလေး ဂျပန်ခရီးစဥ်တို့ ထွက်မသွားချင် သူ့ချစ်သူကောင်လေးက သူ့အသံသွင်းပေးထားတဲ့ သားချော့တေး သံပင် ဖြစ်သည်။

~~~~

မနက်ခင်းနေရောင်နုနုတို့ကျီစယ်မှုကြောင့် Xiao Zhan ဆက်၍ မအိပ်နိုင်တော့။ သူနိုးနိုးချင်းမှာပင် သူသတိ တရ လုပ်ဆောင်မိတဲ့ အရာကတော့ သူ့ဘေးမှာ အိပ်နေတတ်တဲ့ ကောင်လေးကို လှမ်းထိကြည့်ချင်းပင်။

puppet (ရုပ်သေး) (ZSWW) (complete)Tahanan ng mga kuwento. Tumuklas ngayon