Unicode ver...
ချစ်လို့ အတ္တကြီးတာဆိုရင်
တစ်ခါတစ်လေတော့လည်း
ချစ်တဲ့စိတ်ကြောင့်ပဲ အတ္တတွေ
ဖြေဖျောက်သင့်ရင် ဖြေဖျောက်သင့်ပါတယ်။~~~~~
ထွက်သွားတဲ့ Xiao Zhanရဲ့ ကျောပြင်ကို ဟွားရုံစိုက်ကြည့်နေရင်းမှ နေရာမှာတင် ထိုင်ရက်သားလေးခွေကျ သွားလေသည်။
မိဘဆိုတဲ့အမျိုး ပါးစပ်ကသာ ကြမ်းရင်ကြမ်းမယ် ရင်ထဲမှာတော့ သားသမီးကိုချစ်စိတ်ကတော့ ရှိတတ်စမြဲပဲမလား။
"ဘာလို့လဲ? ဘာလို့ ဒီလိုဖြစ်ရတာလဲ?
သားက ငါ့ကိုရွေးချယ်ရမှာလေ ဘာလို့ ဘာလို့ အား!!!"ဖြေမဆည်နိုင်တော့ဘူး ဆိုတဲ့ ခံစားချက်က ဟွားရုံမှာ ဖြစ်တည်လာလေသည်။
၉လကြာ ဝမ်းမှာလွယ်ထားတဲ့ သား၊
ဆယ်လပြည့်လို့ သေမင်းနဲ့ စစ်ခင်းပြီး မွေးထားတဲ့သား၊ ဖခင်ဖြစ်သူ မရှိတော့သည့်တိုင် သူများကြား မျက်နှာမငယ်ရအောင် ကြိုးစားကျွေးမွေးထားသည့်သား၊ သူမရဲ့ အရာရာကို ဘုံပြီး ချစ်ရတဲ့သားက သူ့ကိုကောင်းစေချင်လို့ အချစ်ရေးမှာ တင်းကြပ်မိတဲ့အခါ သူမကိုသေချာပေါက်ရွေးမယ်လို့ ထင်ထားတဲ့သားက ချစ်သူကို ရွေးသွားတာ သိတဲ့အခါ ဟွားရုံ တကယ်ပြိုလှဲခဲ့ရပါသည်။"Xiao Zhan! သားပြန်လာ!! သားက အမေရဲ့သားလေ သား!!!!"
ဟွားရုံဘယ္လောက်ပဲ ခေါ်နေပါစေ Xiao Zhanကတော့ သူမဆီ ပြန်ရောက်လာခြင်းမရှိပေ။
"Wang Yibo!! အဲ့ဒါမင်းကြောင့်!
ငါမင်းကို သတ်မယ်! အားးး!"~~~~~
မိခင်ရဲ့ ရင်ကွဲမှုကြောင့္ ကမ္ဘာတစ်ခုလုံးပါ တုန်လှုပ်စေသည်တဲ့။
ဖြစ်နိုင်တယ် သားဖြစ်သူကို မင်းတို့ စာနာနေတဲ့အချိန် မိခင်ဖြစ်သူဘက်ကို မင်းတို့
ထည့်တွက်ဖို့ မေ့သွားမယ်ဆိုတာ။သို့ပေမဲ့လည်း ထပ်ဖြစ်နိုင်တာက မင်းသာ မိခင်ဖက်မှာဆို သားဖြစ်သူရဲ့ နှလုံးသားဒဏ် ရာကို မင်းတို့ ထည့်မတွက်ခဲ့ဘူးဆိုတာကိုပေါ့။
ဟိုဘက်လှည့်လည်း ရင်နာတယ်၊ ဒီဘက်လှည့်ရင်လည်း အဆင်မပြေဘူး။ တကယ်တော့ လောကကြီးမှာ ဘာမှ အလိုလို အဆင်ပြေမနေခဲ့ဘူး။ နေရအဆင်ပြေတာ ဟုတ်မနေပဲ အဆင်ပြေအောင် နေ ရခြင်းသာဖြစ်တယ်။
أنت تقرأ
puppet (ရုပ်သေး) (ZSWW) (complete)
أدب الهواةUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...