ချော်ရည်မြေက ပန်းပွင့်ငယ်

1.3K 168 19
                                    

Unicode ver...

ကျိုးပဲ့နေတဲ့ ရုပ်သေးလေးက
သူ့ရဲ့ အပ်ချုပ်ဆရာလေးနဲ့တွေ့တဲ့
အခါ ဖာထေးမှုတစ်ခုနဲ့ ရယ်မောသံ
သဲ့သဲ့ ကြားနေရတယ်တဲ့။

သူတို့ တီးတိုးလေးနဲ့ ဘာတွေဆွေးနွေး နေကြမလဲ။

ဖခင် အထူးသဖြင့် အဖေတဲ့။
သူ့တို့ရဲ့ အမည်နာမ ကြားရတာနဲ့တင်
သား သမီးတွေအတွက် လှုံခြုံတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်တဲ့။

ဒါဆို အဖေပျောက်နေတဲ့ လူငယ်လေးတွေ
အတွက်ကော~~~။

~~~~~

ကျွန်တော် အလုပ်လုပ် ပြီးသည့်တိုင် မအိပ်နိုင်ဘဲ ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေသေးတဲ့ ကောင်လေးကို ကျွန်တော်နောက်ကနေ သိုင်းဖက်တော့ ကောင်လေးရဲ့ ခန္ဓာ သေးသေးလေးက တုန်တက်သွားလေရဲ့။ အသည်းငယ်လိုက်တဲ့ ကျွန်တော့်အချစ်ကလေး။

"ကောင်လေး ဘာလို့မအိပ်သေးတာလဲဟင်? ကောင်လေး ဘာလုပ်နေတာလဲ?"

"ဒါလေး ပြင်နေတာ အစ်ကို ညနေက အစ်ကို့ရဲ့အဝတ်တွေကို ယူခေါက်ရင်းနဲ့ Luggageလေးက ဖုန်တက်နေလို့ အဲ့ဒါရှင်းရင်း တွေ့တာပါ။ အစ်ကိုက မပြင်အားဘူး ထင်လို့ ပြင်ပေးနေတာ"

Yiboက သူ့ဘက်လှည့်လာပြီး မြှောက်ပြလာတဲ့ ရုပ်သေးရုပ်လေးကို Xiao Zhan
ငေးကြည့်နေရင်းကနေ မျက်ရည်ကြည်ကြည်လေးတို့က မျက်ဝန်းအိမ်ထဲ ပြည့်နှက်လို့ လျံကျလာလေသည်။

"အစ် အစ်ကို ဘာဖြစ်တာလဲ? ဘာဖြစ်သွားတာလဲ? ကျွန်တော်ပြင်တာကို အစ်ကိုမကြိုက်လို့လား"

"အစ်ကိုမကြိုက်လို့လား" တဲ့ ကောင်လေးက ရုပ်သေးရုပ်လေးကို အသာချပြီး စိုးရိမ်တကြီးနဲ့ ကျွန်တော့်ပါးပြင်ထက်က မျက်ရည်ကို ဖယ်ရှားပေးရင်း မေးလာတယ်။

"မကြိုက်ရယ်လို့မဟုတ်ဘူး ဘာဖြစ်သွားမှန်းကို မဖော်ပြတတ်ဘူး" လို့ ပြန်ဖြေခဲ့ရင်
"အစ်ကို ရူးနေလား"လို့ ကောင်လေးက စနောက်လေမလား။

"ကောင်လေး"

ကျွန်တော်ဘာမှဆက်မပြောနိုင်တော့ပါဘူး။ ကျွန်တော် ဘာဖြစ်နေတာလဲဆိုတာလည်း ကျွန်တော်မသိဘူး။ ကျွန်တော်အတင်းတွေတိုးလို့ ကောင်လေးရဲ့ ရင်ခွင်သေးသေးလေးထဲ ခိုဝင်တယ်။ အရာရာကို နားလည်ပေးတဲ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ကို ဘာမေးခွန်းမှ ထုတ်မနေပဲ ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးလာတယ်။
သူ့ရဲ့ စကားသံ တိုးတိုးလေးက
"ကျွန်တော် ရှိနေပါတယ်" တဲ့။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now