အနုနည်းနဲ့ အမိန့်ပေးသံ

1.5K 167 34
                                    

Unicode ver...

ကိုယ်က မင်းအပေါ် နူးညံ့ချင် နူးညံ့မယ်
အခြားသူအပေါ်တော့ မဟုတ်ဘူး။

မင်းကိုတော့ ဦးချရင် ချလိမ့်မယ်
အခြားသူတွေတော့ မပါဘူး။

ကိုယ်ဆိုတဲ့လူက မင်းနဲ့မှ ကွက်ပြီး
လိမ္မာချင်တဲ့ လူမျိုးလေ။

~~~~~

Xiao Zhan လူကသာ Mr. Hanတို့နဲ့
စကားပြောနေပေမဲ့ စိတ်အစဥ်တို့ကတော့
သူ့ရဲ့ ချစ်သဲညှာလေး Wang Yibo ဆီမှာသာ ကပ်ညှိနေလေသည်။

Wu Chan Laeက "ခဏလေးနော် ခဏလေးပဲ" ဆိုပြီး Yibo ကို ပွဲအလယ်မှာထားပြီး သူ့ရဲ့ဖောက်သည်နဲ့အတူ ပျောက်သွားလေသည်။

Yibo ပျင်းပျင်းနဲ့ တစ်ယောက်တည်း ရှန်ပိန်ခွက်လေးကိုင်ပြီး ပွဲအပြင်အဆင်ကို ကြည့်နေတုန်း သူ့ဘေးမှာရောက်ချလာတဲ့ မိန်းခလေးတစ်ယောက်ကြောင့် ရင်ထဲ နည်းနည်းတော့ ကန့်လန့်ဖြစ်နေလေသည်။

ဘာလို့ သူ့နားရောက်လာတာလဲပေါ့။
သူအတွေးများနေချိန်မှာပဲ~~~

"အတူတူ သောက်ရအောင်မောင်လေး"

"သြော် ဟုတ်ကဲ့"

ငြင်းလိုက်ရင် မိန်းမသားကို မလေးစားရာကျမှာစိုး၍ Yibo သူမကမ်းပေးလာတဲ့ ဖန်ခွက်နဲ့ သူ့ခွက်ကို အသာထိလိုက်လေသည်။

ထိုမိန်းခလေးက သူ့နားတိုးကပ်လာတာနဲ့အမျှ Yiboတစ်ယောက် နောက်သို့ ခြေလှမ်းတွေ ဆုတ်သွားလေသည်။

"အယ် ရှင် ကျွန်မကိုကြောက်နေတာလား? မကြောက်ပါနဲ့ ကျွန်မက ကိုက်မစားတတ်ပါဘူး။ ဒါနဲ့စကားမစပ် ကျွန်မတို့ တွဲ ရအောင်"

ရဲတင်းလွန်းတဲ့ ထိုမိန်းခလေးရဲ့ စကားကြောင့် Yibo တစ်ယောက် အံ့သြလွန်းလို့ ခဏတာ ငြိမ်သက်သွားရလေသည်။ ထိုနောက် Yibo အမြန်ပဲ~~~

"မိန်းခလေး ကျွန်တော်ကိစ္စရှိသေးတာမို့ ခွင့်ပြုပါအုံး"

"ဘာလဲ? ယောက်ျားလေး ဟုတ်မနေလို့ မတွဲချင်တာလား"

ထိုမိန်းခလေးရဲ့ စကားကြောင့် ရှောင်ထွက်ဖို့ လုပ်နေတဲ့ Yiboရဲ့ ခြေလှမ်းတွေက တုံ့ခနဲ ဖြစ်သွားရလေသည်။ သို့ပေမဲ့ သူဂရုမပြုပဲ ဆက်သွားမယ်လုပ်တော့။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now