Unicode ver....
အားအင်ကုန်ခမ်းလို့ ပင်ပန်းနွမ်းနှယ်တဲ့အချိန်မှာ အားပေးသူက မင်းဖြစ်နေလို့
ကိုယ်သိပ်ကံကောင်းတယ်။
~~~~~~~~
ကောင်လေးနဲ့ အတူ အချိန်တွေ ကုန်ဆုံးလာတာ ကောင်လေးတောင် ဒုတိယနှစ်အောင်ခဲ့
လေပြီ။အနေဝေးလို့ပေမို့လား နှစ်နှစ်ကြာ ဝေးခဲ့ရတဲ့ မာတာမိခင်ကို လွမ်းမိပေမဲ့ ကျွန်တော်အထီးမကျန်တော့ဘူး။
မေတ္တာတွေမတူပေမဲ့ ကျွန်တော်မငိုကြွေးမိတော့။
ဟုတ်ပါရဲ့ အမေက ကျွန်တော်ကြောင့်
ဘယ္လောက်တောင် ပင်ပန်းခဲ့ရပြီလဲ။ကျွန်တော် အခုတော့ သူမရဲ့ ပျော်ရွှင်မှုကို
အားပေးသင့်တယ်မလား။
အမေပင်ပန်းတာများပြီ အခုတော့ အမေပျော်နေပြီမလား။ရီတော့ရီရတယ်အမေရယ် ဒီငမိုက်သားက
လမ်းပြပေးမဲ့ ကောင်လေးသာမရှိခဲ့ရင် အမေကို ထင်ယောင်ထင်မားနဲ့ ကျွန်တော် အမေကို မုန်းသွားလောက်တယ် အမေရယ်။သားအမေကို အဝေးကနေ ဦးချ ကန်တော့ပါတယ် အမေ။
ပိတ်သွားတဲ့ ဒိုင်ယာရီစာအုပ်လေးနဲ့ အတူ
Xiao Zhan ရဲ့ မျက်ဝန်းနက်နက်လေးက ပြုံးရောင်သန်းသွားလေသည်။အမေဖြစ်သူရဲ့ ခြေထောက်ကို ညစဥ်ညတိုင်း ဦးချပြီး မကန်တော့ဖြစ်ပေမဲ့၊
မာတာမိခင်ရဲ့ ဓာတ်ပုံလေးကို လက်အုပ်ချီလို့ ကန်တော့ပြီး ဆုတောင်းကိုလည်း ဒိုင်ရာရီထဲမှာ Xiao Zhanရေးချမိလေသည်။~~~~~~~~
"ဟုတ်ကဲ့အမေ"
"--------"
"ဗျာ!"
တစ်လမှတစ်ခါ ဖုန်းဆက်တဲ့ အမေရဲ့ဖုန်းကို မြင်တော့ ကျွန်တော့်မှာ ပျော်ရွင်လိုက်ရတာ။ အမေရဲ့ စကားသံလေးကို ကျွန်တော်
နားထောင်မိပါရဲ့ ငါ့သားနေကောင်းလားဆိုတာတော့ မပါခဲ့ပေမဲ့ တစ်ပါးသူ သားသမီးအမည်နာမကို အမေ မမေ့မလျော့ ပြောပြလာလေသည်။
ဒီမှါတစ်ပတ်နေမယ်ဆိုပဲ။ တအံ့တသြနဲ့ ကျွန်တော်ဖြစ်သွားမိပါတယ်။
အခုအမေက ကျွန်တော့်ကို မိန်းခလေး တစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ဖို့ အမေခိုင်းနေတာလား အမေ။
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...