တမ်းတဖူးသော ထမင်းဝိုင်း

1.9K 211 3
                                    

Unicode ver....

ကမ္ဘာပေါ်မှာ အရသာအရှိဆုံးမုန့်လေးက
မင်းလက်ရာနဲ့မှ ဖြစ်မယ်ကောင်လေးရယ်။

~~~~~

Xiao Zhanတစ်ယောက်တော့ Yiboကို ပေါင်ပေါ်ဆွဲတင်လို့ Yibo ခွံ့ကျွေးတဲ့ မုန့်လေးကို စားနေလေသည်။ တစ်ခါ တစ်ခါ သူYiboကို ပြန်ကျွေးမယ်နဲ့ Yiboကိုက်ထားယုံရှိသေး သူက Yiboနှုတ်ခမ်းကိုပါ ငုံထွေးလို့ မုန့်ကို ယူယူစားတတ်သေးသည်။ သူအဲ့လိုလုပ်တိုင်း Yiboရဲ့ လက်နုနုလေးက သူ့နှာခေါင်းချွန်ချွန်ကို အားရပါးရ ဆွဲညစ်လာတတ်သည်။

Xiao Zhanကတော့ သူ့ချစ်သူကောင္လေးရဲ့ ပါးဖောင်းဖောင်းထဲကို သူ့နှာခေါင်း နစ်ဝင်နေအောင္ နမ်းလိုက်၊ ကောင္လေးရဲ့ လည်တိုင်ဖွေးဖွေးလေးကို နမ်းလိုက်နဲ့ အားကို မအားရှာပေ။

CEO Xiao Zhanရဲ့ ရုံးခန်းအတွင်းသံဟာ တအား အားအော်သံတွေ ထွက်သလို တဟား ဟား အော်ရယ်သံတွေလည်း တစ်စ တစ်စကြားနေရသေးသည်။ အရင်က တိတ်ဆိတ်ခြောက်ကပ်နေသလောက် အခုမှာတော့ ရယ်မောပျော်ရွှင်သံတွေနဲ့အတူ  ရုံးခန်းလေးက အသက်ဝင်နေလေသည်။

~~~~~

ခြောက်သွေ့ခြောက်ကပ်လွန်းတယ် ဆိုတဲ့ ဒီဘဝမှာ မင်းလေးသာ ရှိနေရင် အားလုံးက စိုပြေလို့ အသက်ဝင်ပါတယ်။

~~~~~

"Hello ကျန်းချန် "
"-----"
"ဟာ မင်း တကယ္ပြောတာလား"
"-----"
"အာ ဝမ်းသာတာပေါ့"
"-----"
"ရတယ် လာသာလာခဲ့ "

ဖုန်းဆက်ပြီးတဲ့နောက် လွန်စွာ ပျော်ရွှင်ပုံပေါက္နေတဲ့ Xiao Zhanကြောင့် Yibo သူ့ကို ကုတင်ပေါ်ကနေ ပြုံးကြည့်နေလေသည်။

"အစ္ကို ပျော်နေပုံပဲ အစ်ကိုကျန်းချန်က ဘာတဲ့လဲ အစ်ကို"

Xiao Zhan ကုတင်ပေါ်ကနေ သူ့ကို ခေါင်းလေးစောင်းပြီး မေးနေတဲ့ Yiboကို လှည့်ကြည့်ရင်း ပြုံးပြပြီး~~~

"သူတရုတ်ကို အပြီးပြန်လာတော့မယ်တဲ့ ပြီးတော့ သူ ကိုယ့္ကုမ္မဏီမှာ အလုပ်လုပ် ချင်တယ်တဲ့"

"wow ဒါကြောင့် အစ်ကို ပျော်နေတာကိုး ဘယ်လိုလဲ ဒီညကော ချော့သိပ်ရအုံးမလား"

Yiboရဲ့အမေးကို Xiao Zhanသဘောမကျသလို စူပုတ်ပုတ်လေးလုပ်ပြီး Yiboရဲ့ ပေါင်ပေါ်ကို ခေါင်းဝင်အုံးရင်း~~~

puppet (ရုပ်သေး) (ZSWW) (complete)Tempat cerita menjadi hidup. Temukan sekarang