ရုပ်သေး ~ 3

5.7K 536 37
                                    

Unicode ver...

"ဖေဖေ"

Yibo ပြန်လာတော့ သူ့အဖေက မအိပ်သေးပဲ
စောင့်နေသေးသည်။

"ဖေဖေဗိုက်ဆာနေပြီမလား သားနည်းနည်းနောက်ကျသွားတယ်နော် ခဏနော်ဖေဖေ"

Yibo ​Wujiဘာမှ မပြောရသေးချင်မှာ သူအရင်ပိတ်ပြောပြီး၊
နာကျင်စူးအောင့်နေတဲ့ ဗိုက်ကို လျစ်လျူရှူ့ရင်း မီးဖိုခန်းထဲ ပြေးဝင်သွားလေသည်။

စူးအောင့်နေတ​ဲ့ ဗိုက်သားကြောင့် ဝတ်ထားတဲ့ အကျင်္ီကို အသာလှန်ကြည့်တော့ တစ်ချို့နေရာတွေမှာဆို အညိုကွက်တွေက အထင်းသား။

ဟူးးးးး ဝဠ်ကြွေးဆပ်ဖို့ မွေးလာတယ် ဆိုတာ သိပ်မှန်တယ်။

Yibo ပြင်ဆင်ပြီးစီးတော့ သူ့ အဖေရှေ့သွားပြီး~~~

"ဖေဖေ သား ဝက်သားချိုချဥ်လေး ဝယ်လာတယ် ဖေဖေစားကြည့်ပါအုံး"

"သားလည်း ဖေဖေနဲ့အတူစား"

ကျွန်တော် ဖေဖေကို ကြည့်တော့ ဖေဖေ့မျက်ဝန်းက တောင်းဆိုသလိုလို အမိန့်ပေးသလိုလိုနဲ့ ။
ဟုတ်ပါတယ်လေ ကျွန်တော် ဖေဖေနဲ့အတူ ထမင်းမစားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။

"ဟုတ်ဖေဖေ ဒါဆို သားထမင်းသွားခူးအုံးမယ်နော်ဖေဖေ"

Yibo ထိုသို့ပြောမှ Wujiက ကျေနပ်သလို
ပြုံးပြီးခေါင်းညိတ်လာလေသည်။

တော်သေးသည် ထမင်းလေး ချက်ထားမိလို့
မဟုတ်ရင်တော့ ဖေဖေစိတ်မချမ်းမသာဖြစ်အောင် ငြင်းရအုံးမယ်နဲ့တူပါတယ်။

~~~~~~~~~~~~

"ဖေဖေများများစားနော် "

"သားလည်းထည့်စား"

"ဟုတ်ကဲ့့ ဖေဖေ"

နှစ်ယောက်သား ပြသနာတွေကို ခဏမေ့ထားပြီး ထမင်းတွေ မိန်းမောစွာ စားနေကြလေသည်။

ထွေထွေထူးထူး ဘာမှ မရှိတဲ့ ဒီထမင်းဝိုင်းမှာ ဟင်းတွေလည်း ဝက်သားချိုချဥ်တစ်ပွဲနဲ့
သူနဲ့ သူ့အဖေစားဖို့ ထမင်းဖြူလေး နှစ်ပန်းကန် ရေကြည်လေးနှစ်ခွက်သာ ရှိလေသည်။

သူများတွေလို ဟိုဟာမစားချင်လို့ ဒီဟာမစားချင်လို့ ဆိုပြီး သူတို့သားအဖမှာ ငြင်းပိုင်ခွင့်မရှိ ရှိတာနဲ့ တော်ရာပဲ စားနေရလေသည်။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now