လျို့ဝှက်ချက် ဆိုတာ မရှိခဲ့ရင်...

1.3K 161 27
                                    

Unicode ver...

ဘယ်နဲ့ညာနှစ်ဖက်လုံးက ထောင့်စွန်းကို
တ၀်ပြိုင်တည်းကြည့်နိုင်မှ အသက်ချမ်းသာရမယ်ဆိုရင် ကျွန်တော် အသက်ပျောက်သာ ကြာလောက်ပြီ။

ခင်များတို့ ခံစားဖူးလား
စကားပြောနိုင်ပါရက်နဲ့ ရေငုံနှုတ်ပိတ်ခံရသလို ပါးစပ်ဟခွင့် မရတဲ့ ခံစားချက်မျိုးလေ။

~~~~

"ကျွန်တော်တောင်းပန်ပါတယ် သခင်မကြီး ဖေဖေနဲ့ တွေ့ခွင့်ပြုပါ ကျွန်တော်နဲ့ အစ်ကိုလည်း လမ်းခွဲလိုက်ပြီလေ"

သူမရှေ့မှာ ဒူးထောက်တောင်းပန်နေတဲ့ Yiboကို ယွမ်မိ တစ်ချက်ကြည့်ပြီး ခေါင်းတစ်ခါခါနဲ့ ထရပ်ရင်း Yiboကို ကြောပေးထားပြီး~~~

"မင်းကိုတော့ ငါအားနာပေမဲ့လေ သားXiao နဲ့ သမီးလေး လက်မထပ်ရသေးတော့ ငါစိတ်မချရသေးဘူး "

"ဗျာ!!! သခင်မကြီးရူးနေပြီလား သခင်မကြီးရဲ့ သားမက်လောင်းနဲ့ သမီးကိစ္စမလား သခင်မတို့ဘာသာ စီစဥ်လေဗျာ ဘာလို့ ကျွန်တော့်အဖေကို ဖမ်းထားသေးလဲ!! အဖေက ဘာမှမဆိုင်ဘူးလေဗျာ"

"ဟား ဟား ဟား~~~"

ဟက်ဟက်ပက်ပက် ရယ်လာတဲ့ မိခင်ဖြစ်သူကြောင့် Yibo နားမလည်သလိုနဲ့ သူမကို မော့ကြည့်လိုက်လေသည်။

"သေချာပေါက် မင်းအဖေနဲ့ ဘယ်ဆိုင်မလဲ ငါ့သားလေးရယ် မင်းနဲ့ဆိုင်တာ ဒီကိစ္စမင်းနဲ့ဆိုင်တာ မင်းကို ချုပ်နိုင်တာ Wujiပဲ ရှိတယ် ဆိုတာလည်း ငါ မင်းအမေက သိပြီးသား။ ဟက် အံ့သြသွားလား။ မင်းအဖေခံစားရတယ်ထင်ရင် သူခံစားရတာ မင်းကြောင့်လို့မှတ်လိုက်။ မင်း Xiao Zhanဘဝထဲ ဝင်မလာခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းလဲ မရှိဘူး။ ဒါတေါင် သူနဲ့တွေ့ဆုံရတာ မင်းနောင်တရပုံတောင် မရဘူး။ အပစ်တင်ချင်ရင် မင်းကိုမင်း အပြစ်တင်လိုက်! နားလည်လား!!"

ယွမ်ယိရဲ့ စကားလုံးတွေအောက်မှာ ဘာမှမလုပ်နိုင်ပဲ အသံတိတ်ခေါင်းငုံ့လို့ ပြားပြားဝပ်နေတဲ့ Yiboမှာ တကယ်မသက်သာလှ။ အမေဖြစ်သူက အညိုးကြီးလွန်းတော့ Yibo မှာ ဘယ်လိုဖြောင်းဖြပြီး ဘယ်လိုချော့ပြောရမယ်မှန်းမသိတော့ပဲ။ ခေါင်းတစ်ခုလုံးကသာ ရှူပ်ထွေးလို့ ပူထူနေရလေသည်။

puppet (ရုပ်သေး) (ZSWW) (complete)Dove le storie prendono vita. Scoprilo ora