ရုပ်သေး ~ 9

3.3K 357 9
                                    

Unicode ver...

ပျော်ရွင်တယ် ကျေနပ်တယ်
ကောင်လေးသာအနားမှာရှိနေရင် ကမ္ဘာလေးက ပန်းရောင်ဖြစ်တယ်။

ကောင်လေးသာပါရင် ဆားမပါတဲ့ ဟင်းပွဲတောင် ချိုမြိန်နေလိုက်တာ။

တကယ်ပါ ရင်ခုန်တယ် ဆိုတဲ့ခံစားချက်က
ကောင်လေးရှိမှ ဖြစ်ပေါ်တာ။

ရင်ခုန်တိုင်းသာ အချစ်လို့ခေါ်ကြေးဆို
ကျွန်တော် ကောင်လေးကို နင့်နေအောင် ချစ်မိသွားခဲ့ပါပြီ။

~~~~~~~

ကျွန်တော်ကြုံခဲ့ ဆုံခဲ့ရတဲ့ အလိမ်အညာတွေ ဟန်ဆောင်မှုတွေကြားမှာ ကောင်လေးက ကျွန်တော်ယုံကြည်တဲ့ တစ်ခုတည်းသော အစစ်အမှန် ဖြစ်ပေလိမ့်မယ် ။

~~~~~~~

ှနှစ်သစ်ကူးချိန် ကုန်ဆုံးသွားတာတောင် Xiao Zhanမှာ အိမ်ကို မပြန်ချင်တော့။

ဖြစ်နိုင်ရင် ဒီအိမ်ကလေးမှာသာ တစ်သက်လုံး နေလိုက်ချင်တော့သည်။

Yibo တို့သားအဖတောင် သူအိမ်ပြန်မှာကို ဟာသာသာ ဖြစ်သွားရသလိုပင်။

မခွဲမခွါချင်ရှာသော သူတို့အဖြစ်ကြောင့် Xiao Zhanသူတို့နဲ့ အတူလာနေဖို့ ဖြစ်လာလေသည်။

Yibo ရဲ့ အဝတ်ဗီရိုလေးထဲမှာဆို Xiao Zhanရဲ့ အဝတ်က တစ်ဝက်စာ နေရာယူထားလေပြီ ဖြစ်သည်။

~~~~~~~~~

ကျွန်တော် မားကို လွမ်းခဲ့ဖူးတယ်၊
ခုလည်းလွမ်းနေတုန်းပါပဲ၊၊
ကျွန်တော် အခြားခလေးတွေလို မိခင်ရင်ခွင်မှာ မှီခိုချင်ဖူးတယ်။
မားချက်တဲ့ဟင်းကိုလည်း ကျွန်တော် နေ့တိုင်းစားချင်ဖူးတယ်။

ဒီလိုတွေမခံစားဖူးလို့ လွမ်းတယ်ပြောရလေသလားဆို မခံစားဖူးတာတော့မဟုတ်ခဲ့ပါဘူး။ သေချာပေါက် ခံစားဖူးပါသည်။

ဒါပေမဲ့ ထိုနွေးထွေးမှုတွေကို မားအိမ်ထောင်သစ်မပြုချင်ချိန်ထိ အထူးသဖြင့် ကျွန်တော် အသက်၁၄နှစ် မပြည့်ချင်ချိန်ထိသာ ကျွန်တော်ခံစားခဲ့ဖူးသည်။

အသက် ၁၄နှစ်နောက်ပိုင်းမှာတော့ နှစ်သစ်ကူးချိန်လေးတောင် မားဟာ သူ့ရဲ့ ခင်ပွန်းသစ်ဆီ USမှာသာ အမြဲ သွားနေကြဖြစ်သည်။

puppet (ရုပ်သေး) (ZSWW) (complete)Donde viven las historias. Descúbrelo ahora