တကယ်ကို ယုံကြည်ထားခဲ့တာ

1.7K 177 26
                                    

Unicode ver...

နောက်တစ်မိနစ်အကြာမှာ မင်းဘာတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းရဲလား။
ခန့်မှန်းလို့ ပြီးသွားရင်ရော ဖြစ်လာမယ်ဆိုတာ မင်းအာမခံနိုင်လား။

တကယ်တော့ လူတွေက မနက်ဖြန်ထက် နောက်ဘဝနဲ့ ပိုနီးတယ်ဆိုတာကော မင်းလက်ခံလား။

~~~~

Yibo မေ့လဲသွားခြင်းက ပွဲတစ်ခုလုံးကို ကိုင်လုပ်နိုင်စွမ်း အပြည့်ရှိသည်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ Xiao Zhanတစ်ယောက်တော့ ခဏတာမျှ ငြိမ်သက်သွားမိလေသည်။

နည်းတူ သတို့သမီး အမေဖြစ်တဲ့ ကင်ယွမ်ယိက Yibo ကို ကြည့်နေရင်းနဲ့ အသက်ရှူရပ်သွားသလို ငြိမ်သက်သွားလေသည်။

ငြိမ်သက်တယ်ဆိုတာထက် သူမ ထိတ်လန့်သွားတယ် ဆိုတာ ပိုမှန်ပေလိမ့်မည်။

နေရာမှာတင် ကျောက်ရုပ်လို ဖြစ်သွားတဲ့ Xiao Zhanက Yibo ကိုယ်လေးကို တစ်ယောက်ယောက် ပွေ့တော့မဲ့ခါနီးမှာမှ ~~~

"ကောင်လေး"

"Oppa"

Xiao Zhan Hanaရဲ့ လက်ကို ဆွဲဖြုတ်လို့ Yibo ဆီ ပြေးသွားတော့ Hana Xiao Zhanကို ခေါ်လိုက်ပေမဲ့ မမှီတော့။

"သားလေး အားဝမ် သား သတိထားအုံး ဆေး ဆေးရုံကား ခေါ်ကြ"

"ကောင်လေး ကောင်လေး ကောင်လေး ~~~"

သတို့သားဝတ်စုံကိုမှ အားမနာ လူကြားထဲအတင်းတိုးဝင်ပြီး ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲက Yibo ကိုယ်လေးကို Xiao Zhan ပွေ့ယူပြီး ရင်ခွင်ထဲ ထည့်လိုက်လေသည်။

Xiao Chen တင်မက ပွဲလာသူတွေ အားလုံးပါ Xiao Zhan လုပ်ရပ်ကို အံ့သြမဆုံး ဖြစ်နေကြလေသည်။ ဘယ်သတို့သားက ကိုယ့်သတို့သမီးလက်ကို မင်္ဂလာခန်းမအလယ်မှာ ဖြုတ်ပြီး တစ်ပါးသူဆီ ထွက်သွားရဲမလဲ။ ဒါပေမဲ့ Xiao Zhanက ထိုအရာကို လုပ်ခဲ့သည်။

Xiao Zhanကိုယ်တိုင်ကတော့ ပတ်ဝန်းကျင်ကို မမြင်အားစွာပဲ ရင်ခွင်ထဲမှာ သွေးစတစ်ချို့နဲ့ မေ့မြောနေတဲ့ ချစ်ရသူတစ်ယောက်တည်းကိုသာ သူမြင်မိတော့သည်။

"ကောင် ကောင်လေး ထ ထပါအုံး~~~ ကောင်လေး ဘာဖြစ်တာလဲ~~~ ကိုယ့် ကိုယ့်ကို ပြောပါအုံး ကောင်လေး~~~ ကောင်လေး~~"

puppet (ရုပ်သေး) (ZSWW) (complete)Dove le storie prendono vita. Scoprilo ora