Unicode ver...
ပွဲကြီးတစ်ခုမှာ စားသောက်စရာမှန်သမျှ အကုန်လုံး သူတို့ဆီမှာ မှာယူမယ်လို့ သိသောအခါ Xiao Chen အမှန်ပင် ပျော်ရွှင်သွားရလေသည်။
ဘယ်လိုပဲပြောပြော အလုပ်ကောင်းကောင်းရရင် လူတွေက ပျော်တတ်ကြတာချည်းပဲမလား။ ဒါပေမဲ့ ထူးဆန်းတာတစ်ခုက စာထဲက အရေးကြီးဆုံးအချက်က သူတို့ ဆိုင်က ဝန်ထမ်းကောင်ငယ်လေး Wang Yibo သီချင်းဆိုပေးစေချင်တယ်တဲ့လေ။ ပြီးတော့ သီချင်းက Yibo တစ်ယောက်တည်း ဆိုရမည်လို့ ပြောထားခြင်းဖြစ်သည်။
"ဒါက ဘယ်လို တောင်းဆိုချက်ကြီးလဲ။ သူဌေး ကျွန်တော်တို့ ညီလေးက နေမှမကောင်းတာ ဘယ်လိုခေါ်သွားရမှာလဲ ပေကျင်းထိတောင်လေ"
"ဟုတ်တယ်။ အလုပ်က အရေးကြီးတယ် ဆိုပေမဲ့ အားဝမ်ကိုတော့ ဒုက္ခမပေးချင်ဘူး"
"အားဝမ်လည်း နားလို့ရအောင် အလုပ်လည်း မပြုတ်အောင် ကျွန်တော်တု့ိ နည်းလမ်းရှာရမယ် ရှိမှာပါ"
"ရှိပါတယ်ဗျ"
သူတို့ အလုပ်အကြောင်းဆွေးနွေးနေတုန်း နောက်ကနေ ဘယ်ကတည်းက ရောက်နေမှန်း မသိတဲ့ Yiboက ဝင်ပြောလာတာကြောင့် အားလုံးက သူ့ကို လှည့်ကြည့်လာလေသည်။
"ညီလေး"
"အားဝမ်"
Yibo ပြုံးပြုံးလေးနဲ့ သူ့စီနီယာတစ်ယောက် ထပေးတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး ~~~
"ကျွန်တော် ဆိုပေးမယ်လေ။ အခုဆို ကျွန်တော် လည်းနေကောင်းနေပြီ"
"မရဘူး အားဝမ် သားပင်ပန်းမယ်"
"ဟုတ်တယ်ညီလေး မင်းမသွားပါနဲ့"
အားလုံးက ဝိုင်းတားလာတော့ Yiboက ခေါင်းမာစွာပဲ~~~
"ကျွန်တော် တကယ်ရပါတယ်။ ဒီတစ်ခါပါပဲ နောက်ဆုံးလို့ သတ်မှတ်လိုက်လည်း ရပါတယ်။
Yiboရဲ့ ဆန္ဒကို မဖျက်ဆီးချင်တော့တာကြောင့် အားလုံးလည်း ခေါင်းညိတ်လိုက်ရလေသည်။
~~~~~
Xiao Zhanတစ်ယောက်တော့ မူးရူးကွဲပြဲလို့ တစ်ဘက်ခါမနက်မှာ ရောက်လာတော့မဲ့ အချစ်မဲ့ မင်္ဂလာပွဲကို စောင့်စားနေလိုက်လေသည်။
VOUS LISEZ
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...