#1

2.3K 107 2
                                    

မင်းတို့တွေ မမြင်ရတဲ့ ကံတရားဆိုတဲ့အရာကို ယုံကြလား။ နောက်တော့ရော အဲ့ဒီမမြင်နိုင်တဲ့ကံတရားကြီးက ကိုကိုယ်တိုင်ကလုပ်လို့ဖြစ်လာတာလား သူ့ဘာသူအတိတ်ဘဝကအရာတွေရဲ့ အဖျားခတ်တာကို ခံရတာလား။

ကံတရားဆိုတဲ့အရာက တစ်ကယ်တော့ ရိုးရှင်းမနေပါဘူး။

ဒီစာကြောင်းကိုဖတ်မိသွားတော့ ဖတ်လက်စ စာမျက်နှာထိပ်ကို လက်ညိုးတစ်ချောင်းထိုးထည့် လိုက်ပြီး စာအုပ်အဖုံးကိုလှန်ကြည့်လိုက်တော့
"သင့်ကိုယ်သင်ကံမကောင်းဘူးလို့ထင်နေပါသလား ဤစာအုပ်ကိုသာဖတ်ကြည့်လိုက်ပါ"
ဘယ်လိုကြောင်တောင်တောင်က စာအုပ်အဖုံးမှာရေးထားတာ တခြား အထဲကတခြားနဲ့ ဂျင်းထည့်ရတာလဲ။

ဘယ့်နှယ့် ကံမကောင်းလို့မှဖြင့် သူ့စာအုပ်လေးဖတ်ကြည့်ပါတယ် စာအုပ်ထဲဘာလုပ်ပြီး ဖြေရှင်းရမယ် မရေးပဲ ဘာကိစ္စ ကံ ကို ဒီကာဖွဲ့နေရတာတုန်း ဘာလုပ်ရင်ဘာဖြစ်မယ် တစ်ခါတည်းမရေးပေးထားဘူး ချိစ်!။

စိတ်ပေါက်ပေါက်နဲ့ မှတ်ထားတဲ့စာရွက်နေရာကနေအနောက်ထိလှန်လှောကြည့်လိုက်တော့ စာလုံးခပ်ကြီးကြီးနဲ့ရေးထားတဲ့ စာတချို့ကိုမြင်လိုက်တော့ လက်ကရပ်ပြီးဖတ်ကြည့်လိုက်တယ်။

"သင်တို့မမြင်နိုင်တဲ့ကံတရားက တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့အရာတွေကို ဖြစ်ပေါ်စေနိုင်တဲ့အထိ အင်အားကြီးမားလွန်းပါတယ်"

အင်း...သူပြောသလိုဆို ငါမျှော်လင့်လို့ရသေးလား။

တစ်ကယ်ဆို ငါက ကံအဆိုးကြီးထဲလဲမပါသေးပါဘူး ဘယ်လိုပြောရမလဲ ဒီလိုချောမောပြေပြစ်တဲ့ရုပ်ရည်လဲရှိတယ်၊ ပြီးတော့ အရပ်ကလေးကလဲရှည် ခန္ဓာကိုယ်လေးကလဲ ပိန်ပိန်ပါးပါးနဲ့ မျက်နှာမြင် ချစ်ခင်ပါစေ အသံကြားသနားပါစေ ဆိုတဲ့စကားနဲ့လဲညီတယ်။

အယ် ပြီးတော့ ကောင်မလေးတွေဝိုင်းဝိုင်းလည်... ဒါတော့သိပ်မဟုတ်သေးဘူး ကောင်မလေးတွေ အနည်းငယ်လည် အင်း အနည်းအကျဥ်းကတော့ ရှောင်းကျန့် ဟေ့ ဆိုတာနဲ့ သမင်လည်ပြန်ကြည့်ကြတာပါပဲ။ ၁၀ ယောက်မှာ ၅ ယောက် ၆ ယောက်လောက်ကပေါ့နော့။

HiwagaWhere stories live. Discover now