ပုံဆွဲရမယ့်ပစ္စည်းတွေနဲ့အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ဟာ အနွေးထည်လက်ရှည်ကိုဝတ်လို့ အပူရှိန်အချို့ကြောင့်မျက်နှာဟာအနည်းငယ်နီမြန်းနေတယ်။
Drawing စားပွဲဘေးမှာငုတ်တုပ်လေးထိုင်လို့ ရှောင်ကျန့်လုပ်သမျှကိုငေးနေတာက ပေါင်ပေါင်း။
"ပေါင်ပေါင်း ညစာစားပြီးရဲ့လား"
ဆေးသောက်ထားသော်လည်း နှာရည်ယိုနေတာကြောင့် ဘေးက tissue box ထဲက tissue တစ်ရွက်ယူပြီး အနည်းငယ်နီမြန်းနေတဲ့နှာခေါင်းတစ်ဝိုက်ကိုအုပ်လိုက်ရသေး။
ခနနားပြီးတဲ့အချိန်တည်းကပုံဆွဲနေလိုက်တာ စားပွဲဘေးကခုံလေးမှာ ငုတ်တုပ်လေးထိုင်နေတဲ့ပေါင်ပေါင်းကိုအခုမှသတိထားမိသွားသည်။
အရင်လိုကြည်တောက်တောက်မဟုတ်ဘဲ အနည်းငယ်မှိုင်းညို့နေတဲ့မျက်ဝန်းလေးတွေနဲ့ပေါင်ပေါင်းဟာ ယနေ့မှပိုပြီးအနားကပ်နေသလို အရိပ်တကြည့်ကြည့်နဲ့။
"မနက်ဖြန်ညနေကစပြီး ပါပါးကပေါင်ပေါင်းကိုပဲ အချိန်ပေးတော့မှာမို့လို့ခနလေးစောင့်ပေးနော်"
မြတ်နိုးရာပါးဖောင်းဖောင်းလေးကိုအသာတို့ထိလိုက်ပြီး ပေါင်ပေါင်းလက်ကိုဆွဲလို့ မီးဖိုခန်းထဲဝင်မှ အရာမယွင်းသေးတဲ့ပေါင်ပေါင်းရဲ့ ဖက်ထုပ် ပန်းကန်လေးဟာ ဟင်းရည်တွေတောင်အေးလို့။
"စားနှင့်တာမဟုတ်ဘူးသားရယ်"
ဧည့်ခန်းထဲကနာရီကိုလှမ်းကြည့်လိုက်တော့ ၇ နာရီတောင်ရှိပြီ။
ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိလိုက်တယ်။ ကလေးငယ်လေးကို စာမေးပွဲကြောင့်ဂရုမစိုက်မိနိုင်တာတောင် အစားစားချိန်ပုံမှန်မကျွေးမိတာကြောင့်ရော ပေါင်ပေါင်းမျက်ဝန်းထဲကဝမ်းနည်းရိပ်အချို့ကပါ မိမိရင်ကို အရှိန်ပြင်းပြင်းနဲ့ထိုးနှက်တယ်။
"ပါပါးတောင်းပန်တယ်နော်... တကယ်ကို ပေါင်ပေါင်းကို အလေးမထားသလိုဖြစ်သွားလို့ ပါပါးကိုခွင့်လွှတ်ပါသားသားရယ်"
နဂိုကပင်ပန်းနေတဲ့ဓာတ်ခံရော အခုဝမ်းနည်းတဲ့ဓာတ်လေးပါထည့်ပေါင်းတော့ မျက်ဝန်းတွေဟာ အလိုလိုစိုစွတ်လာတယ်။
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi