"ဘယ်မှာပါလိမ့်"
အချိန်မဟုတ် အခါမဟုတ် ထရွာတဲ့မိုးကြောင့် အကုန်လုံးကမောက်ကမနဲ့။ လျှော်ထားမိတဲ့ခြေအိတ်တွေကလည်း အနားတွေမခြောက်ရတာနဲ့ဘာနဲ့။အဆင်ပြေမနေဘူး။
ပုံမှန်ဆို တစ်ကိုယ်တည်းနေတုန်းက ကိုယ့်ဝေယျာဝစ္စအကုန် ကိုယ်တိုင်လုပ်ပေမယ့် အခုတော့ လပိုင်းအတွင်း အကျင့်တွေကပျက်ကုန်ပြီ။ ဒါ ပေါင်ပေါင်းမကောင်းလို့။
အခုတော့ ခြေအိတ်အသစ်ရှာပုံတော်ဖွင့်နေရတာ အိပ်ခန်းထဲကိုနှံ့လို့။ မေးရအောင်လည်းသိမ်းတဲ့သူက အိမ်မှာမရှိတာနဲ့ ငါးပါးမှောက်ရော။
"အာ ဒီမှာလားကွ"
ဗီရိုအောက်ဆုံးထပ်က အံ့ဆွဲကိုဆွဲဖွင့်လိုက်တော့ ခြေအိပ်အသစ်တွေကရှိမနေ။ တစ်ခါကပေါင်ပေါင်းပြောဖူးတဲ့ ပိုက်ဆံလိုရင်ယူသုံးဆိုတဲ့ ပိုက်ဆံတွေပင်။
"သောက်ကျိုးနည်း အများကြီးဟ"
ငွေသားအနည်းငယ်ပဲထားတယ်မှတ်နေတာ ဘယ်ဟုတ်မလဲ တံတောင်လောက်အမြင့်ရှိတဲ့ အံဆွဲတစ်ခုလုံးအပြည့် ပိုက်ဆံတွေကြည့်ပဲ။ဓားမြသာဝင်တိုက်ကြည့် ရှောင်းရှောင်ကျန့်တို့ အရင်ဆုံးကားမှာ။ မဖြစ်ပါဘူး အဲ့ဟာလေးကိုဆုံးမမှကိုရမှာ။
"ရှောင်း"
ဟောဟော ကိုယ်တော်ချောက အသက်ရှည်ဦးမယ်။သူ့အကြောင်းတွေးလိုက်တာနဲ့ကို ချက်ချင်းရောက်ချလာတာများ။
"ငါဒီမှာ"
"အင်း ရှောင်း မုန့်တွေစားပွဲပေါ်တင်ထားတယ် ပြီးရင်စားလိုက်ဦး"
"လာဦးဒီကို အဲ့မုန့်တွေက အရေးမကြီးသေးဘူး"
ပြောတော့လည်း ကျွန်တော်ထိုင်နေတဲ့ကြမ်းပြင်ဘေးမှာ အရိုးခံမျက်နှာပေးလေးနဲ့ ငုတ်တုပ်လေးလာထိုင်တယ်။ဒါဘယ်လို ချစ်စဖွယ်ကောင်းနေမှုကြီးလဲ။ လုပ်နေလိုက်တော့ ငါ့အမျိုးသားရေ ရင်တွေခုန်အောင်လို့ လုပ်နေလိုက်။
"ရှောင်း ဘာပြောစရာရှိလို့လဲ"
တော်ပါသေး ပေါက်ကရအတွေးတွေမကြားသွားလို့။

YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi