#21

274 32 3
                                    

"မားမား"

အခန်းတံခါးအသာခေါက်ကာ ခေါင်းလေးပြူကြည့်တော့ ဝင်လာဖို့ပြောတဲ့ မာမားကြောင့် အခန်းထဲဝင်သွားလိုက်သည်။

"နေ့လည်ကကိစ္စထပ်ပြောဦးမလို့လား ကျန့်ကျန့်"

"မားမား သားကိုလိုက်လျောပေးလို့မရဘူးလား"

"ဖြစ်မှမဖြစ်နိုင်တာ ဘာကိုလိုက်လျောပေးနေရမှာလဲ ကျန့်ကျန့်ရယ်။ သားလဲကြီးလှပြီ မားကိုဂျီမကျချင်စမ်းပါနဲ့"

"မားမား သားပြောတာလေးခနလောက်နားထောင်ပေးပါလား"

"မားကိုနားချချင်တာလားကျန့်ကျန့်"

"မဟုတ်ပါဘူး နားချတာရော ခွင့်တောင်းတာပါ ထပ်မလုပ်တော့ပါဘူး"

သူမသက်ပြင်းချမိသွားသလို ရင်ထဲကအလုံးကြီးကျသွားသလိုခံစားလိုက်ရသည်။ နောက်ဆုံးတော့ သားလေး အသိတရားရသွားပြီဆိုပြီးတွေးမိလိုက်သည်။

"သားဘဝမှာ မားမားနဲ့ပါးပါးကအရေးကြီးသလို ရိပေါ်ကလဲ သားအတွက်အရမ်းအရေးပါတဲ့လူတစ်ယောက်ပါ။အဝေးမှာသားတစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်၊ နေမကောင်းဖြစ်နေတဲ့အချိန်၊ပျော်နေတဲ့အချိန်၊ဝမ်းနည်းနေတဲ့ အချိန်တိုင်း ဘေးမှာမညည်းမညူရှိနေခဲ့ပေးတာ ရိပေါ်ပဲ မားမား"

"သူ့အတွက်ကိုဘာမှမတွေးဘဲ သားတစ်ယောက်တည်းရဲ့မျက်နှာကိုကြည့်ပြီးနေနေတဲ့သူကို သားလက်မလွှတ်နိုင်ဘူးမားမား။ သားက မားမားနဲ့ပါးပါးအပေါ်မသိတက်ပြီးဆိုးခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်"

"အဲ့ကောင်လေးကိုမှမဟုတ်ရင် မဖြစ်တော့ဘူးလား"

"ဟုတ် သားရိပေါ်ကိုပဲချစ်တာ"

"မနက်ဖြန် အန်တီယင်းရဲ့သူငယ်ချင်းသမီးနဲ့ ကြင်ဖက်တွေ့ပေးမယ် ပြီးမှဆက်ပြောပေါ့"

"မားမား"

မားမားကလည်းလျှော့မယ့်အနေအထားမှာမရှိသလို မိမိဘက်ကလည်း အလျှော့မပေးနိုင်တာကြောင့် ဗျူဟာပြောင်းဖို့ရာစဥ်းစားရသည်။

"မောင်..."

အခန်းထဲပြန်ဝင်လာချိန် ကုတင်ပေါ်မှာထိုင်နေတဲ့ ရိပေါ်ရင်ခွင်ထဲပြေးဝင်ပြီး ချွဲနွဲ့ကာ တိုင်တောမိသည်။

HiwagaWhere stories live. Discover now