#7

514 69 1
                                    

"ဒီမှာညီလေး အစ်ကိုတို့လဲတခြားအလုပ်တွေရှိသေးတယ်။ အခုက တာဝန်နဲ့ဝတ္တရားနှောက်ယှက်မှုမြောက်တယ်နော်"

"အစ်ကိုရယ် ရှာပေးပါဗျာ အရမ်းအရမ်းအရေးကြီးနေလို့"

မနက်စောစောစီးစီး ရဲစခန်းထဲမှာ တဂျီဂျီလုပ်နေတဲ့ ရှောင်ကျန့်ဟာ စိတ်မကြည်ရင် ပုဒ်မပေါင်းစုံတပ်ချင်စရာလေးဖြစ်လို့နေသည်။

"ကလေးပျောက်တဲ့အမှုတွေကတစ်ခုနှစ်ခုမဟုတ်ဘူးလေ ဘယ်လ ဘယ်ရက်ကပျောက်တာလဲအတိအကျမ​သိ နာမည်လဲမသိ ဘာလို့ပျောက်သွားတာလဲမသိပဲနဲ့ လာစုံစမ်းတာလား လာပြီးတော့ရစ်နေတာလားညီလေး"

ရှေ့ကပြောသွားတဲ့ရဲဝန်ထမ်းအကိုကြီးစကားက အလုံးစုံမှန်နေတော့ ရှောင်ကျန့်ခမျာ ဇက်ကလေးပုလို့။

"ဒါဆို လက်တလောကော ၂ နှစ်အရွယ်လောက် ကောင်လေးပျောက်တာတွေဘာတွေတိုင်ထားတာများရှိလားဟင်"

"လက်တလောဆိုရင် ကြော်ငြာသင်ပုန်းမှာကပ်ထားတဲ့လက်ကမ်းစာစောင်ကိုသာ သွားကြည့်လိုက်တော့"

စိတ်မရှည်တော့ဟန်ပေါက်လာတဲ့ရဲဝန်ထမ်းအကိုကြီးကို အသာနှုတ်ဆက်ကာ ကြော်ငြာသင်ပုန်းကိုလှန်လှောရှာကြည့်ပေမယ့် ပိစိပေါက်စအကြောင်းလဲမတွေ့သလို ၂ နှစ်အရွယ်ကလေးပျောက်တဲ့အမှုလဲမတွေ့ပေ။

နဖူးကအနည်းငယ်စို့နေတဲ့ချွေးလေးကိုသုတ်ပြီး စခန်းအပြင်ထွက်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ဖုန်းဆက်လာသူဟာ ကျန်းချန်ဖြစ်လို့နေသည်။

"ငါညက မူးပြီး မဟုတ်တာတော့မလုပ်ခဲ့ဘူးမှတ်လား"

"ရူးနေလားရှောင်ကျန့် မူးရင်အမြဲအိပ်ပျော်နေတဲ့ကောင်က ဘာလုပ်ချင်သေးတာလဲ။အိမ်ထဲရောက်တာတောင် နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့မိူ့လို့ ဧည့်ခန်းထဲပစ်ထားခဲ့တာကို"

"ဘာရယ် ဧည့်ခန်းထဲမှာဒီတိုင်းထားခဲ့ရသလား ဒါနဲ့နေပါဦး ငါနိုးလာတော့အိပ်ခန်းထဲမှာပါ"

"မင်းဟာမင်းမူးပြီးလျှောက်သွားတာ မသိတာနေမှာပေါ့"

သူငယ်ချင်းသုံးယောက်မှာ မူးလာရင်နှိုးမရအောင်အိပ်တာက မိမိဖြစ်သလို ဟောက်ရွှမ်းကတော့မူးရင်စကားတွေရေပက်မဝင်အောင်များလွန်းကာ ကျန်းချန်ကတော့ မူးသာမူးတာ အကုန်မှတ်မိတက်တဲ့အမူးပါးပင်။

HiwagaWhere stories live. Discover now