#13

498 57 3
                                    

ရောက်ခဲ့ပြန်ပြီဒီနေရာ။

အရင်ကရေကျသံတွေပဲကြားနေခဲ့ရတာ ဒီတစ်ခေါက်တော့စိမ်းလဲ့နေတဲ့ရေပြင်ကျယ်ကြီးကို မြင်ခဲ့ရလေပြီ။

ပြီးတော့ ထိုရေပြင်ကြီးထဲကိုအရှိန်အဟုန်ပြင်းစွာဖြင့်ဖြတ်သန်းစီးဆင်းနေတဲ့ရေတံခွန်အကြီးကြီးဆီက ရေမှုန်ရေမွှားနဲ့အတူရေခိုးရေငွေ့တွေက ပတ်ဝန်းကျင်မှာရစ်သိုင်းနေတယ်။

ငါဘာလို့ ဒီနေရာကိုရောက်လာရတာလဲ။

ဘေးပတ်ပတ်လည်မှာမြူခိုးအခိုးငွေ့တွေနဲ့ ဖုံးအုပ်နေတဲ့ မြက်ခင်းပြင်၊ စီးဆင်းနေတဲ့ရေပြင်ဘေးနားမှာ ခပ်စိမ်းစိမ်းတောအုပ်ကလေးနဲ့အတူ ပိုးစုန်းကြူးလို့ထင်ရတဲ့အလင်းရောင်မှိတ်တုပ်မှိတ်တုပ်ဖြစ်နေတဲ့အကောင်လေးတွေ။

ရေပြင်ကြီးဘေးကနေ တစ်ရွေ့ရွေ့လျှောက်လာတော့ တစ်ဖက်စီကိုဆက်သွယ်ပေးထားတဲ့ အနီရောင်တံတားငယ်လေးတစ်စင်း။

တွေ့ရသလောက် ဒီနေရာမှာသက်ရှိသတ္တဝါတွေကိုမမြင်မိသလောက်ပဲ။ ဘာလဲ ဒီနေရာမှာ ငါတစ်ယောက်တည်းရှိတာတော့ မဟုတ်လောက်ပါဘူး။

တံတားကိုဖြတ်ကူးလာတော့တစ်ဖက်က တောအုပ်ငယ်စီကိုရောက်တယ်။ သလင်းကျောက်သားဖြူ စားပွဲဝိုင်းတစ်ခုနဲ့ ထိုင်ခုံ နှစ်လုံးချထားပြီး အလည်မှာ ကြွေထည်ရေနွေးအိုးလေးနှင့်အဖုံးအုပ်ထားတဲ့ ရေနွေးခွက်လေး။

စစချင်းရပ်နေခဲ့တဲ့နေရာကလောက် မြူခိုးတွေရှိမနေတော့ပဲ အရာရာဟာရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမြင်နေရတယ်။

ထိုစားပွဲရဲ့မျက်စောင်းထိုးက ရေစပ်နားမှာ ဧရာမသက်တမ်းရင့် မိုးမခပင်ကြီးတစ်ပင်၊ မိုးမခပင်ရဲ့အကြီးဆုံးအကိုင်းကြီးက ရေမျက်နှာပြင်ပေါ် ညွှတ်ကိုင်းလို့နေပြန်သည်။

တစ်သက်နဲ့တစ်ကိုယ် ပထမဦးဆုံးမြင်ဖူးတဲ့ စိတ်ချမ်းမြေ့စရာကောင်းလွန်းတဲ့ မြင်ကွင်းပဲ။

မိုးမခပင်ကြီးနားလျှောက်သွားလိုက်ပြီး ညွှတ်ကျနေတဲ့အကိုင်းပေါ်အသာလေးမှီထိုင်ပြီး လှိုင်းအနည်းငယ်ထနေတဲ့ စိမ်းလဲ့လဲ့ရေပြင်ကြီးကိုငေးကြည့်ရတာ အမောတွေပြေသွားသလိုကိုခံစားရတယ်။

HiwagaWhere stories live. Discover now