#23

276 27 0
                                    

တစ်ဖက်သို့လှည့်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ရှောင်လူသားဟာ မျက်စိစုံမှိတ်လျှက်အကြောဆန့်ပြီးလက်တစ်ဖက်ကိုဆန့်ထုတ်ကာ ကျောပေးထားရာဆန့်ကျင်ဘက်သို့လှည့်ပြီး ပြန်အိပ်ဖို့ပြင်သည်။

ပြန်အိပ်ဖို့ပြင်နေတဲ့ရှောင်ကျန့်ဟာ နှာခေါင်းဝမှာအနံ့တစ်ခုခုကိုရလိုက်သည်ထင် နှာခေါင်းလေးကိုရှုံ့တွရှုံ့တွလုပ်ကာ ထိုအနံ့ဦးတည်ရာရပ်ဝန်းသို့တိုးကပ်လာသည်။

တစ်ခုခုဆိုတာသေချာသွားပြီးနောက် နှုတ်ခမ်းပါးထက်မှာအပြုံးတစ်ပွင့်ချိတ်ဆွဲပြီး ထိုအရာဆီသို့ခေါင်းလေးဝှေ့ကာတိုးဝင်သွားသည်။

ပေါင်ပေါင်းပြန်ရောက်နေပြီ။

သူစောင့်မျှော်နေခဲ့ရသည့် ပေါင်ပေါင်းအကြီးစားလေးရဲ့ရင်ခွင်ထဲကိုတိုးဝှေ့ပြီး ရင်ဘတ်လေးကိုနှုတ်ခမ်းလေးနဲ့ဖိကပ်လိုက်တော့ ခါးပေါ်ကိုအလိုလိုရောက်လာတဲ့လက်တွေဟာ တရင်းတနှီး။

ညတိုင်းနားခိုရာရင်ခွင်ထက်မှာပြန်ပြီးအိပ်မောကျသွားတဲ့ရှောင်ကျန့်ဟာ အပူပင်ကင်းနေသလို မျက်နှာလေးဟာလည်းအနည်းငယ်ပြုံးနေခဲ့သည်။

ညကစေ့စေ့ပိတ်ဖို့ရာမေ့သွားခဲ့သည့်လိုက်ကာကြောင့် နံနက်ခင်းအလင်းရောင်တွေဟာ ခပ်ဟဟဖြစ်နေတဲ့လိုက်ကာနှစ်လွှာကြားကနေ အခန်းထဲရှိနှစ်ဦးသားအိပ်စက်ရာ ကုတင်ကြီးထက်သို့ မီးမောင်းထိုးပြနေသည်။

ထိုအလင်းရောင်ကြောင့်မျက်မှောင်ကုတ်ပြီးနိုးလာသူ ရှောင်ကျန့်ဟာ အိပ်မက်ထဲကအလုံးစုံရုန်းမထွက်နိုင်သေးသူလို မျက်တောင်လေးစင်းပြီးငြိမ်နေသည်။

မိနစ်အနည်းငယ်ကြာမှမျက်လုံးလေးဖွင့်ကာအခြေအနေအရပ်ရပ်ကိုအကဲခတ်ကြည့်တော့ မိမိဘေးနားကရင်းနှီးနေကျအသက်ရှုသံလေးကိုကြားနေရပြီး ပေါင်ပေါင်းဟာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေကြောင်းတွေ့လိုက်ရသည်။

ငါ့ပေါင်ပေါင်းလေး အရမ်းပင်ပန်းနေတယ်ထင်တယ်။

မျက်နှာနဲ့တစ်တန်းတည်းဖြစ်နေတဲ့ရင်ခွင်ကျယ်ကြီးကနေအပေါ်ကိုမော့ကြည့်မိတော့ မျက်လွှာလေးချထားပြီး ကောင်းမွန်စွာအနားယူနေတဲ့ နတ်သားလေးရဲ့ပါးပြင်လေးဟာ ခေါင်းအုံးမျက်နှာပြင်နဲ့ကပ်နေတာကြောင့်လုံးလုံးအိအိလေးဖြစ်နေကာ မိုချီလုံးလေးလိုပင်ဖြစ်နေသည်။

HiwagaWhere stories live. Discover now