#14

467 60 4
                                    

"ရှောင်ကျန့်ထရောထနိုင်ရဲ့လားမသိဘူး အခုထိလည်းဖုန်းမကိုင်ဘူး"

ကျန်းချန်တစ်ယောက် ရှောင်ကျန့်တိုက်ခန်းရှေ့မှာဖုန်းကိုင်ကာ ခုန်စွခုန်စွဖြစ်နေသည်။

~တင်းတောင်~

"အမလေး! ရှောင်..."

ဇွက်ခနဲပွင့်လာတဲ့တံခါးနောက်ကမျက်နှာ
ကြောင့် စကားကထပ်ထွက်မလာတော့ပဲ လမ်းလည်ခေါင်တန်းလန်း။

လူကလည်း လိပ်ပြာတောင်လွင့်သွားသလားမှတ်ရတယ်။နေပါဦး မျက်နှာကသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့။

အိမ်များမှားသလားဆိုပြီးအိမ်နံပါတ်ကို အပြူးအပြဲကြည့်ရသေး။

"ရှောင်ကျန့်ရှိလား"

"ဘာလုပ်ဖို့လဲ"

မျက်နှာတင်မကဘူး အသံကပါ လူကိုရေခဲတိုင်းပြည်ပို့နေတဲ့အတိုင်းပဲ။

"သူ့အိမ်လာတာသူနဲ့တွေ့ချင်လို့ပေါ့"

"အိပ်ပျော်နေတယ် နောက်မှပြန်လာ"

ဒုန်း ခနဲမြည်အောင်ပြန်ပိတ်သွားတဲ့တံခါးနောက်မှာ ရင်ဘတ်ကလေးဖိပြီး တောင့်တောင့်ကြီးကျန်နေခဲ့သော ကျန်းချန်။

အခုငါကနှင်ထုတ်ခံလိုက်ရတာလား ဟုတ်လား။

"ကျန်းချန် တံခါးရှေ့ဘာရပ်လုပ်နေတာလဲ ရှောင်ကျန့်မရှိဘူးလား"

ဖုန်းပြောပြီးနောက်မှာကျန်နေခဲ့တဲ့ ဟောက်ရွှမ်းတောင်အခန်းရှေ့ရောက်တဲ့အထိ ကျန်းချန်က ထိုနေရာကနေမရွေ့။

"ရှောင်ကျန့်အိမ်ထဲ လူစိမ်းရောက်နေတယ်"

"ဟာ ရဲခေါ်လေကွာ မင်းကဒီမှာရပ်ပြီးအလှကြည့်နေတာလား"

"မဟုတ်ဘူး သူကရှောင်ကျန့်အိပ်ပျော်နေတယ် နောက်မှလာတဲ့"

"Nurse တွေဘာတွေခေါ်ထားတာများလား"

"ငါတော့မထင်ဘူး မျက်နှာက လက်မရွံ့လူသတ်သမားအတိုင်းပဲ တင်းမာနေတာများ သူ့ဆီကနေအကြွေးယူပြီးပြန်မပေးတဲ့ရုပ်ကွာ"

"ကျန်းချန် ရဲမခေါ်တောင် လုံခြုံရေးခေါ်ကွာ တစ်ခုခုဆိုရှောင်ကျန့်ကအထဲမှာကွ"

HiwagaWhere stories live. Discover now