ကရောသောပါးနဲ့ပြေးဆင်းလာပြီးမှ ရှောင်းကျန့် ပတ်ဝန်းကျင်ကို ကြည့်မိတာ ကျောင်းအဆောင်နားထိပင်ရောက်နေကြောင်းသိလိုက်ရသည်။
ချိစ်!! ငါဘယ်လိုတွေတောင်ကြောက်အားလန့်အားနဲ့ဆင်းပြေးလာတာ။
အတွင်းစိတ်ကတော့ကြောက်ပေမယ့်အပြင်မှာ ဟန်ကိုယ့်ပြီးတည်ငြိမ်ချင်ယောင်ဆောင်လိုက်ကာ ရှိုးနဲ့မိုးနဲ့လျှောက်လိုက်လျှင်ဖြင့် သမင်လည်ပြန်ငေးနေကြတဲ့ မျက်ဝန်းများက ကိုယ့်ဆီကိုဦးတည်နေတာဆိုတော့လဲ လူကမြောက်ကြွကြွပြန်ဖြစ်သွားပြန်ရော။
မသိမသာငေးကြည့်လိုက်ပေမယ့် မွေးရာပါမျက်လုံးလေးက အဝေးဆိုဝါးတားတားဖြစ်နေတော့ မျက်မှန်လေးတစ်ချက်ပင့်ကြည့်လိုက်တယ်။
အမယ် ဘယ်ဆိုးလို့လဲဟ မြင်ကွင်းတွေကကြည်လင်နေပါရောလား။
ကိုယ့်ဆီအာရုံရောက်နေတဲ့မျက်လုံးပေါင်း သောင်းခြောက်ထောင်ကို မသိချင်ယောင်လေးဆောင်ပြီး အပေါ်ထပ်ကိုလှေကားတွေကျော်တက်ပစ်လိုက်သည်။
စောတီးပါအမိတို့ ဒီနေ့တော့ ဟောဒီကရှောင်းရှောင်ကျန့် လေးက မနက်စောစောစီးစီး ရူပဒါနမလုပ်နိုင်တဲ့အတွက်။
တစ်ကယ်က မနက်ခင်းအတန်းချိန်မစခင် အခန်းထဲဝင်ချင်လို့ ဘာရယ်လို့တော့မဟုတ်ပါဘူး တောင်ငေးမြောက်ငေးအရသာလေးခံစားချင်တာပါ။
ကော်ရစ်ဒါအစွန်ဆုံးအခန်းမှာရှိနေတဲ့ စာသင်ခန်းထဲဝင်လိုက်လျှင်ဖြင့် ဆူညံပြီးရှုတ်ရှက်ခတ်နေတဲ့လူတွေကြား ကိုယ့်ဘော်ဒါကိုယ်ပြန်ရှာရတဲ့ ဒုက္ခကမသေးပေ။
တွေ့ပါပြီ အပေါ်ဆုံးကနောက်ဆုံးတန်းမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ နှစ်ယောက်။
" ရှေ့နှစ်တန်းလောက်ဆင်းထိုင်တော့ မင်းတို့မြွေကိုက်မှာဆိုးလို့လား"
ရှူးရှူးရှားရှားနဲ့ ကျန်းချန်ကိုကျော်ခွပြီးအလည်ထဲကနေရာကိုဝင်ထိုင်နေတဲ့ ရှောင်ကျန့်ကို သူငယ်ချင်းနှစ်ယောက်က ရှိတယ်လို့ပင်မထင်။
"ခါတိုင်းလဲ ဒီနေရာပဲဟာကို ပွစိပွစိနဲ့ရှောင်ကျန့်ရာ"
မုန့်ဘူးထဲက အသားညှပ်ပေါင်မုန့်ကိုဇိမ်ပြေနပြေစားနေတဲ့ ဟောက်ရွှမ်းကဆိုတယ်။
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi