#6

553 68 1
                                    

အား ရင်ခွင်ထဲကအိစိအိစိနဲ့ဖက်လို့ကောင်းလိုက်တာ။

ဖက်ခေါင်းအုံးအမှတ်နဲ့တိုးခွပေမယ့်လည်း ခြေတံရှည်တွေအချင်းချင်းသာထိတွေ့လို့သွားလေရဲ့။

ခပ်သင်းသင်းရနံ့တစ်ခုကမွှေးပျံ့နေတော့ နှာတစ်ရှုံ့ရှုံ့လုပ်ကာအနံ့ခံမိတော့ ရင်ခွင်ထဲကအိစိစိ အရာလေးစီကလာလေသည်။

ငါ အမွှေးလုံးလေးကိုများဖက်ထားမိတာများလား။

ရင်ခွင်ထဲမှာအံ့ဝင်ဂွင်ကျနဲ့ ထိုခပ်အိအိအရာလေးဟာ မျက်လုံးဖွင့်မကြည့်သော်ငြား အနွေးဓာတ်တစ်ချို့ကို နှလုံးသားအနီးတစ်ဝိုက်ထိအောင်ခံစားနေရသည်။

အိပ်ချင်စိတ်ကမပြေသေးသော်ငြား ညက သောက်စားထားတဲ့ဇာတိကပြနေပြီဖြစ်တာကြောင့် သန့်စင်ခန်းဝင်ရမှာသိသော်လည်း အားမရှိတဲ့လေးတိလေးကန်မျက်ဝန်းများကိုဖွင့်ကြည့်လိုက်ရာ ဦးဆုံးမြင်သည်က ကုတင်ခေါင်းရင်းက ညအိပ်မီးအိမ်လေး။

အာခေါင်တွေခြောက်ကာရေဆာသည်မို့ အိပ်ချင်နေသည့်မျက်လုံးများကိုအတင်းပြူးပြဲကာ အိပ်ရာမှထဖို့ ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်လိုက်လျှင်ပင် ခပ်အိအိအရာလေးက ရင်ခွင်ထဲကနေလိမ့်ခနဲ။

အာ ငါညက ခေါင်းအုံးကိုဖက်အိပ်မိတာနေမယ်။

ထိုခေါင်းအုံးကိုဖယ်ဖို့ အောက်ငုံ့ကြည့်လိုက်ရာ အိပ်ချင်နေတဲ့မျက်ဝန်းတွေဟာပြူးကျယ်သွားသလို ဦးနှောက်ကစက္ကန့်ပိုင်းလောက် အလုပ်မလုပ်တော့ပေ။

ဝိဉာဉ္လေးဟာ ခန္ဓာကိုယ်ထဲကနေ တော့တာပြရုံပါမက ဘိုင့်ဘိုင် လုပ်သွားသလိုပင်။

ဒါဘာလဲ ဒါဘာကြီးလဲ??။

စိတ်ထဲမှာတော့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား လိပ်ပြာလွင့်မတက်အော်ဟစ်ပြီးနေလေပြီ။

အသိစိတ်ကိုအတင်းပြန်ကပ်ကာ နားထဲအသိပေးသံတွေတဝှီဝှီမြည်နေသော်ငြား ထိုအရာလေးဟာ ယခုအချိန်ထိမလှုပ်မယှက်လေးနဲ့ ရင်ခွင်ထဲမှာအလိုက်သင့်လေး။

ရင်ဘတ်နဲ့ကွယ်နေတဲ့အစိတ်ပိုင်းအချို့ကိုကြည့်လိုသည်ကြောင့် ကိုယ်ကိုဘေးသို့အနည်းငယ်ရို့ လိုက်ရာ ဖောင်းဖောင်းအိအိပါးလေးနှစ်ဖက်နဲ့အတူ နှုတ်ခမ်းပိစိနီတာရဲလေးပေါ်လာလေသည်။

HiwagaWhere stories live. Discover now