#9

444 64 0
                                    

အိပ်မက်လိုလိုအပြင်မှာလိုလိုနဲ့ ဆူညံနေတဲ့အသံကြောင့် ရှောင်ကျန့်မျက်မှောင်ကျုံ့မိတယ်။

မိနစ်မလပ်ကြားနေရတဲ့ဆူညံသံဟာ အိပ်မက်ထဲကမဟုတ်တာကြောင့် အပြင်ကဆိုတာ သိလိုက်သည်။

မနက်စောစောစီးစီးကိုကွာ လူလိုမသိကြဘူး။

နှိုးစက်ကမြည်တာလားဆိုပြီး နာရီတစ်ချက်ထကြည့်မိတော့ ၈ နာရီ ၁၅ ဆိုတဲ့အချိန်ကိုပြသထားတဲ့နာရီဟာ ဘာနှိုးစက်မှပေးမထားခဲ့။

အကြားအာရုံကို ခပ်တိုးတိုးဝင်ရောက်နှောက်ယှက်နေတဲ့အရာဟာ လူခေါ်ဘဲလ်ကလွဲပြီး တခြားဟာဖြစ်နိုင်ချေမရှိတော့ပေ။

ပေါင်ပေါင်းနိုးသွားပြီလားဆိုပြီးကြည့်မိတော့  ရှောင်ကျန့်ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာသာတွေ့ရသည်။

ဘေးမှာသိပ်ပေမယ့် မနက်ရောက်တာနဲ့အမြဲရင်ခွင်ထဲလုံးလုံးလေးရောက်နေတက်တဲ့ ပေါင်​ေပါင်းဟာ ရှောင်ကျန့်ရင်ငွေ့ကို အတော်နှစ်သက်ပုံရသည်။

စောင်လေးအသာခြုံခဲ့ပေးပြီး ဘဝအဆက်ဆက်က ဘဲလ်မတီးဖူးသော ဘယ်ကမှန်းမသိတဲ့ဟာကိုဆုံးမဖို့ ရှောင်ကျန့် အခန်းပြင်ထွက်လာပြီး အိမ်တံခါးပေါက်ကိုဆက်ခနဲဆွဲဖွင့်တဲ့အထိ ဘဲလ်တီးမပျက်ပေ။

"သေချင်လို့ ဘဲလ်ကိုဒီလောက်တီးနေရတာလား"

ပိတ်ဟောက်ပစ်လိုက်တော့အရှေ့ကလူက ငြိမ်ခံမယ်ထင်နေပါသလား။ စောတီးပါ သူတစ်ခွန်း ကိုယ်တစ်ခွန်းမပြောနိုင်ရင် ရှောင်ကျန့်သူငယ်ချင်း ကျန်းချန်မပီသပဲနေမှာပေါ့။

"မင်းကဒီအချိန်ထိသေနေတုန်းလား ငါရောက်တာ ၁၅ မိနစ်ရှိနေပြီ"

ပြောပြောဆိုဆိုနဲ့ သူ့အိမ်သူ့ယာလို ဇိုးခနဲဇက်ခနဲအိမ်ထဲဝင်သွားတဲ့ ကျန်းချန်နောက် အိမ်တံခါးသေချာပြန်ပိတ်ပြီးလိုက်ရသည်။

"မင်းကမနက်စောစောစီးစီး သူများအိမ်ဘာလာလုပ်တာလဲ"

"မစောတော့ဘူး ၈ နာရီခွဲနေပြီ"

"ချိစ်!!! ကျောင်းပိတ်ရက်လေးအေးဆေးအိပ်ပါရစေလေကွာ"

"တိတ်စမ်း မနက်စာဆိုင်မှာ ဟောက်ရွှမ်းစောင့်နေတယ် လာသွားမယ် မျက်နှာသစ်"

HiwagaWhere stories live. Discover now