#5

595 75 0
                                    

ရှောင်ကျန့်တစ်ယောက် စာကြည့်တိုက်ကနေ ကျန်းချန်ငှားလာတဲ့စာအုပ်အဖုံးက 'အနာဂတ်ကိုပုံဖော်ခြင်း' ဆိုတဲ့ စာအုပ်အဖုံးကိုစိုက်ကြည့်ပြီးအတွေးပွားနေမိသည်။

"ကျန်းချန် မင်းအနာဂတ်ကဘာလဲ"

ဘေးမှာဂိမ်းဆော့နေတဲ့ ကျန်းချန်က သူ့ဆီ အာရုံသိပ်မလာမှန်း ရှောင်ကျန့်ရိပ်မိသည်။

"စိစစ်ပြီးအဖြေရှာဖို့ ဒီစာအုပ်ကြီးငှားလာတာလား"

"ဘယ်ကသာ စာကြည့်တိုက်မှူးနဲ့တိုးလို့ တွေ့ရာစာအုပ်ကောက်ဆွဲလာရတာ"

ထင်တော့ထင်သားပါပဲ ပေါင်းတဲ့သုံးယောက်ထဲမှာ ရှောင်ကျန့်က စာအုပ်တွေ ရုပ်ရှင်တွေသိပ်ကြိုက်တက်သလို ကျန်းချန်က ဂိမ်း ကိုခုံမင်သည်။

တစ်ခါတစ်လေပျင်းရင်တော့ဖြင့် တူတူဆော့ဖြစ်တာကလွဲရင် ရှောင်ကျန့်က ဂိမ်းကိုမက်မက်မောမော မဆော့ဖြစ် အဖော်ကောင်းမှသာဝင်ဆော့သည်။

ဟောက်ရွှမ်းကတော့ အရင်က ဂိမ်းဆော့ရတာကြိုက်သလို ဘောလုံးပရိတ်သက်ပေမယ့် ကျွန်တော်တို့နှစ်ယောက်အရောက်ပို့လိုက် တာ စုန့်လောင်ရှီးနဲ့အဆင်တွေပြေပြီး အချစ်ဆိပ်တွေတက်နေတာများ ကျန်ခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ကို အသက်ရှိသေးတယ်လို့တောင် ထင်ရဲ့လားမသိ။

"အဲ့တာဆို မင်းအနာဂတ်ကဘာလဲ ကျန်းချန်"

"ငါ့အနာဂတ်က မနက်ဖြန်"

စာအုပ်ကမာတိကာတွေကို အပေါ်ယံလောက်ကြည့်နေရင်းမှ ကျန်းချန်စကားကြောင့် ထပ်မေးဖို့စိတ်ကူးရသွားပြန်သည်။

"သူများတွေလို ပလန်တွေဘာတွေ မရှိတော့ဘူးလားမင်းက"

တစ်ပွဲဆော့ပြီးလို့ ဂိမ်းထဲကထွက်လိုက်တဲ့ကျန်းချန်က ကျွန်တော့်အမေးကိုအေးဆေးစွာပင်ပြန်ဖြေတယ်။

"အနာဂတ် ပလန်တော့ရှိတာပေါ့ ဒါပေမယ့် မနက်ဖြန်ဆိုတာက မသေချာဘူးလေ အခုနေခေါက်ခနဲသေရင်လဲသေသွားနိုင်သလို အသက် ၁၀၀ ထိလဲ ရှည်ရင်ရှည်သွားနိုင်တာပဲ။ အဲ့တော့ရှိနေတဲ့ မနက်ဖြန်တိုင်း မနက်ဖြန်တိုင်းက အနာဂတ်ပေါ့ကွာ"

HiwagaWhere stories live. Discover now