"ဒီမှာပဲစောင့်နေခဲ့တော့လေ"
ကျောင်းဝန်းထဲကိုကားမောင်းဝင်ဖို့လုပ်နေသည့် ပေါင်ပေါင်းလက်ကိုလှမ်းကိုင်မိတော့ မျက်ဝန်းညိုညိုတွေဟာ မလုပ်ချင်ကြောင်းပြသလာတယ်။
"အိုက်ယား ဖောင်လေးသွားပို့ပြီးပြန်လာမှာကို ပေါင်ပေါင်းကလဲ"
အရင်တစ်ခေါက် ချုံချင်းမှာဖြစ်ခဲ့တဲ့မတော်တဆမှုပြီးတည်းက ကျောင်းသွားကျောင်းပြန်ကအစ အပြင်သွားရင်ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ရမှကျေနပ်သည့် ပေါင်ပေါင်းဟာ ဆိုင်ကယ်ကိုတောင်ရောင်းလိုက်ပြီး safe ဖြစ်အောင် system မြင့်ထားတဲ့ ကားတစ်စီးကိုဝယ်ခဲ့တယ်။
ခါတိုင်း ကျောင်းဝန်းထဲထိမောင်းပို့နေကျကားလေးကိုအပေါက်ဝမှာတင်ရပ်ခိုင်းတော့ မကျေမနပ်။ ဒီနေ့ကပုံမှန်ကျောင်းတက်နေကျနေ့နဲ့မတူဘူးလေ။
"ကားထားခဲ့ပြီး မောင်လိုက်ရင်လိုက်ခဲ့ပေါ့"
ထိုအခါမှ ကားကိုပါကင်မှာအသေအချာရပ်ပြီး လိုချင်တာရသွားသည့်မျက်နှာနှင့် ရိပေါ်က ရေဘူးလေးနဲ့ လက်ကိုင်ပန်ကာလေးပါကိုင်ပြီး lover seat မှာထိုင်နေသည့် ရှောင်ကျန့်တံခါးကို လာဖွင့်ပေးသည်။
"ဒီကျောင်းကြီးမှာတက်ခဲ့ရတာ မနေ့တစ်နေ့ကလိုပဲ"
ကျောင်းဖွင့်ချိန်ဖြစ်တာကြောင့်သူ့နေရာနှင့်သူ စည်ကားနေသည့် ကျောင်းကြီးကို တမေ့တမောငေးကြည့်နေသည့် ရှောင်ကျန့်အသံက လွမ်းဆွတ်နေဟန်ပေါက်သည်။
"ရှောင်းလာလည်ချင်ရင် အချိန်မရွေးလာလည်ပေါ့"
"အင်းပေါ့ လိုတရနတ်သားလေးရှိနေသ၍ လက်ညိုးထိုးရာအကုန်ဖြစ်ပဲလေ"
ရှောင်ကျန့်ရဲ့ အမွှန်းတင်တဲ့စကားကိုကြားပြီး ရိပေါ်ကရယ်သည်။
မနက်ဖြန်ဆိုအသိမှတ်ပြု ဘွဲ့လက်မှတ်ယူပြီး ကျောင်းဆင်းပွဲလုပ်ပြီးတာနှင့် သူတို့တွေဟာဒီကျောင်းတော်ကြီးနဲ့မသက်ဆိုင်ကြတော့ဘူးလေ။
ကျောင်းသားရေးရာဌာနမှာ ဖောင်ပေးလိုက်ပြီး ဘွဲ့ဝတ်စုံနှင့် ကျောင်းဆင်းပွဲပါတီရဲ့ကတ်ပြားလေးကိုထုတ်ယူပြီးတဲ့နောက်မှာ ရှောင်ကျန့်ရဲ့အဆိုရ ကျောင်းတစ်ပတ်လိုက်ပတ်ပေးရသူမှာ နတ်သားလေးပင်။

YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi