#19

333 40 2
                                    

"ပေါင်ပေါင်းရေ့ ထမင်းစားမယ်လို့ခေါ်နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲကွာ"

ဒီနေ့မှ ထူးထူးခြား နေ့လည်စာကို ရှောင်ကျန့်ပြင်ထားတာကြောင့် မနက်စာစားပြီးတည်းက ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ရိပေါ်က ထမင်းစားခန်းဖက်ကို ယောင်လို့တောင်လှည့်မလာချေ။

ဒီနေ့တော့အိမ်မှာရှိတာနဲ့စားမယ်ဆိုပြီး မာမားပို့ပေးထားတဲ့ ဟင်းဘူးတွေကိုအပင်းပန်းခံနွှေးပြီး ပြင်ထားကာမှ ကိုယ်တော်လေးဟာ တော်တော်နဲ့ပင့်မရ။

"ရှောင်းပေါင်ပေါင်း"

ရှောင်းပေါင်ပေါင်း ဟု ခေါ်လိုက်ပြီဆိုတည်းက ရှောင်ကျန့် မကြည်တော့မှန်း နတ်သားလေးရိပေါ်က ချက်ချင်းရိပ်မိသည်။

"လာပြီလေ ရှောင်းရဲ့"

ထမင်းစားခန်းထဲအချိန်မှီပြေးလာတဲ့ ရိပေါ်က ရှောင်ကျန့်ကိုမျက်နှာချိုသွေးပြီး စားပွဲမှာဝင်ထိုင်သည်။

"ဘာတွေအဲ့လောက်အလုပ်ရှုပ်နေလို့ ခနခနခေါ်နေရတာလဲ ပေါင်ပေါင်း"

မျက်မှောင်လေးကျုံ့ကာမေးလာတဲ့ ရှောင်ကျန့်ကို ရိပေါ်က ကလေးငယ်လေးလိုခေါင်းလေးရမ်းပြတယ်။

"အာ ဘာမှမဟုတ်ပါဘူး။ ပင်ပန်းသွားပြီ ရှောင်း ကောင်းကောင်းစားပါ့မယ်"

"စားတော့ အဲ့လက်ထဲက ဖုန်းကိုလည်းချထားဦး"

"အင်း"

မနက်တည်းက ဖုန်းနဲ့မျက်နှာနဲ့မခွာတဲ့ ရိပေါ်ကို ရှောင်ကျန့်တစ်ယောက် တရားခံစစ်နေသလို အကြည့်မျိုးနဲ့ scan ဖတ်နေတာကို ထမင်းငုံ့စားနေတဲ့ ရိပေါ်လေးမသိရှာ။

စားပြီးသောက်ပြီးသွားတော့ ရှောင်ကျန့်ကဟင်းတွေသိမ်းသင့်တာသိမ်း ရိပေါ်ကပန်းကန်တွေဆေးပေးပြီး ဖုန်းကိုကောက်ဆွဲသွားကာ ပျောက်သွားပြန်သည်။

ဘာမှလည်းလုပ်စရာမရှိတာနှင့် မိဘအိမ်ပြန်ရင်ယူသွားမယ့်အဝတ်တွေကို ခရီးဆောင်အိတ်ထဲစီထည့်ကာ တစ်ဖက်ခြမ်းက ရိပေါ်ရဲ့ဗီရိုထဲပါမွှေနှောက်ပြီး အဝတ်လေးငါးစုံ ထုတ်ကာတစ်ခါတည်းစီထည့်လိုက်သည်။

HiwagaWhere stories live. Discover now