"ဟင့် ဖွားဖွားကိုလွမ်းလိုက်တာ အီးဟီး"
ကာတွန်းကားကြည့်ရင်းငိုနေသည့် ရှောင်ကျန့်ကို ဘေးမှာထိုင်နေသည့်ရိပေါ်က တစ်ရှူးလေးနှင့်မျက်ရည်လေးတွေလိုက်သုတ်ပေးနေတယ်။
"ရှောင်း မငိုရဘူးလေ"
"ဝမ်းနည်းနေတာကိုး ငိုချင်လို့မှမဟုတ်တာ"
နတ်သားလေးကခေါင်းလေးတစ်ခါခါလုပ်ကာ ရှောင်ကျန့်ခေါင်းလေးကိုအသာအယာလေးဆွဲယူလိုက်ပြီး ပခုံးပေါ်မှီပေးလိုက်တော့ ရှောင်လူသားဟာအလိုက်သင့်လေးမှီထားသည်။
"ရှောင်းကအဆိုးလေးကွာ"
"ငါဆိုးလဲမင်းကချစ်နေတာပဲ ဘာမှဂရုမစိုက်စရာမလိုဘူး"
ကုတင်ခေါင်းရင်းမှာမှီထိုင်နေသည့်ရိပေါ်ပုခုံးပေါ် ခေါင်းမှီနေရာကနေ ဆန့်ထုတ်ထားသည့်ပတ်တီးနဲ့ခြေထောက်ကိုလှမ်းကြည့်လိုက်ပြီး အနည်းငယ်လှုပ်ကြည့်ပြန်သည်။
"နာလာလို့လားရှောင်း"
"မဟုတ်ပါဘူး မနေ့ကလောက်သိပ်မနာတော့သလိုပဲ။မောင် မနေ့ညကငါ့ကိုဆေးထပ်လူးပေးသေးတယ်မှတ်လား"
"အင်း ရှောင်းအိပ်ပျော်သွားတုန်းက"
"အဲ့တာကြောင့်မို့ထင်တယ်"
နတ်သားလေးက ဂါထာတိုလေးရွတ်ပြီးမန်းမှုတ်ပေးလိုက်သည်ကိုတော့ ရှောင်လူသားလေးမသိခဲ့ပါလေ။
"အဲ့ကားလေးကလေ ငါအိမ်ရောက်တိုင်းပြန်ပြန်ကြည့်နေကျသိလား။ ပြန်ကြည့်တိုင်း ဖွားဖွားCoCo ကိုမြင်ပြီး ငါ့ဖွားဖွားကိုသတိရသွားရော"
"နောက်တစ်ကားကြည့်ဦးမလားရှောင်း"
မနက်စာစားပြီးတည်းက စကြည့်လိုက်သည့်ကာတွန်းကားဟာ ထမင်းစားချိန်ရောက်တဲ့အထိမပြီးနိုင်သေးပေ။ ရှောင်ကျန့်ခြေထောက်နာနေတာကြောင့် ရိပေါ်ကဆိုင်လိုက်သွားစရာမလိုတော့သလို ဆိုင်ကရှောင်မားမားပို့ပေးသည့်စားစရာများကို ရှောင်ကျန့်ကိုသာဂရုတစိုက်ကျွေးရန်ဖြစ်သည်။
"ရေချိုးချင်တယ် နေ့လည်စာစားပြီးမှဆက်ကြည့်တာပေါ့"
"အင်း မောင် TV ပိတ်လိုက်ဦးမယ်"
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi