#10

492 60 0
                                    

ကျန်းချန်ရဲ့ပြဲနေတဲ့အသံကြောင့် ပေါင်ပေါင်းလန့်သွားမှာဆိုးတာ​ကြောင့် ရေတစ်ခွက်ခပ်တိုက်ပြီးတာနဲ့ ရင်ခွင်ထဲမှာဝင်ထိုင်နေတာများ ပုံ့ပုံ့လေး။

ကျန်းချန်ကတော့သွေးဆောင့်တက်သွားသလား မှတ်ရတယ် ကြမ်းပြင်မှာထိုင်ကာဆိုဖာခုံမှာခေါင်းကိုလက်တစ်ဖက်ထောက်ပြီးမှီထားတယ်။

ကျန်းချန်ကိုကြည့်ပြီး ရှောင်ကျန့်ကိုရင်ခွင်ထဲကနေပြန်မော့ကြည့်လာတဲ့ပေါင်ပေါင်းဟာ ကျန်းချန်ဘာဖြစ်နေသလဲ သိချင်ပုံရသည်။

"ဦးဦးက ဘာမှမဖြစ်ဘူးနော် သူလန့်သွားတာ။ ပေါင်ပေါင်းလေးစောနကအရမ်းလန့်သွားမှာပဲနော် ဥုံဖွဥုံဖွ"

နဖူးလေးကိုငုံ့နမ်းကာပြောတော့ အရှေ့ကိုပြန်လှည့်သွားပြန်တယ်။

လူစိမ်းလာမှ အနားကပ်ရကောင်းမှန်းသိတဲ့ပေါင်ပေါင်းကြောင့် ကျန်းချန်ကိုပဲအိမ်နေတိုင်းခေါ်ထားရတော့မလိုလို။

"ငါ့ကိုအဖက်လုပ်စမ်းပါ အဲ့ကလေးက ဘာမှဖြစ်တာမဟုတ်ဘူး။ ပြီးတော့ ငါ့အသက်ငယ်ငယ်လေးရှိသေးတာ ဘာဦးဦးလဲ"

"အသက်နဲ့အဝေးကြီး ငါ့ကောင် သောက်ပို ၁၂ သိန်း လုပ်မနေနဲ့"

"ရှင်းစမ်းပါဦးဖြစ်ကြောင်းကုန်စင် ငါတစ်ကယ် လိုက်လို့ကိုမမှီတော့ဘူး ရှောင်ကျန့်ရာ"

ဟောက်ရွှမ်းကိုဂုန်းဆင်းပြီးပြန်လာတဲ့ညကစလို့ ပေါင်ပေါင်းအကြောင်းအစအဆုံး ပြောပြလိုက်တော့ မျက်လုံးကြီးပြူးပြီးနားထောင်နေတဲ့ကျန်းချန်က မယုံချင်ယုံချင်နဲ့။

"ဇာတ်ကားတွေအရမ်းကြည့်လွန်းလို့ဖြစ်သွားတာလား ရှောင်ကျန့်ရာ။ မင်းဟာက အရမ်း ဝတ္ထုတွေဆန်မနေဘူးလား။ ဝတ္ထုတောင် Mystery တွေဆန်နေတာလေကွာ"

"ဒါတော့ငါလဲမသိဘူး သေချာတာတော့ ပုံမှန်မဟုတ်ဘူးဆိုတာပဲ"

"အဲ့လိုမဟုတ်ဘဲ မင်းရည်းစားဟောင်းတစ်ယောက်ယောက်ကများ မင်းနဲ့ရတဲ့ကလေးကို မသိအောင်လာထားသွားတာများ..."

"သေလိုက်ဟျောင့် အဲ့မှာတိုင်နဲ့ခေါင်းနဲ့ပြေးစောင့်လိုက်။ ရည်းစားတွေကငါ့မြင်တာနဲ့ သရဲတွေ့တာထက်ဆိုးတယ် လန့်နေတာများ အကြင်နာတောင်မပေးရဘူး"

HiwagaWhere stories live. Discover now