#2

807 91 0
                                    

"လူငယ်လေး ဒီရှေ့ကိုတိုးလာခဲ့ပါ"

ဦးဆောင်ခေါ်လာသူမှာ ဟောက်ရွှမ်းဖြစ်သော်လည်း အတွင်းဆောင်သို့ ၃ ယောက်သားလမ်းပြမှုကြောင့်ဝင်သွားပြီးနောက်မှာ တုံးမောင်းအသေးလေးကိုခေါက်လျှက် ဂါထာတွေရွတ်နေသော ဘုန်းတော်ကြီးတစ်ပါးရှေ့သို့ဦးစွာရောက်ရှိသွားရသူမှာ ကျန်းချန်ပင်ဖြစ်လေသည်။

ဘေးနားကအကူဘုန်းတော်ကြီးနှစ်ပါးကမ်းပေးလာသော အဝါရောင်ပေါ်မှာသွေးနီရောင်မှင်နဲ့ရေးဆွဲထားသည့်အဆောင်တစ်ခုနှင့်အတူ ကြိုးနီလေးတစ်ချောင်း။

ဒါ အဝင်ဝမှာတွေ့ခဲ့တဲ့သူတွေလက်ထဲမှာကိုင်ထားခဲ့သည့်အနီရောင်ကြိုးနှင့် တစ်ပုံစံတည်းပင်။

"လူငယ်လေး ကြိုးကိုညာဘက်လက်မှာလျှိုလိုက်ပါ"

ကြိုးကိုလက်မှာလျှိုလိုက်ပြီး အစွန်းတစ်ဖက်ကိုလက်မှာကိုင်ထားစေလျှက် အချစ်နတ်ဘုရားတစ်ဖြစ် ယွဲ့လုံ နတ်မင်းကြီးရှေ့မှောက်ရှိကျောက်တိုင်အောက်တွင်ချည်နှောင်လိုက်၏။

"စိတ်ကိုဖြေလျှော့ထားပါ လက်ပေါ်မှာတင်းအားမထားပဲ သက်တောင့်သက်သာထားပါ"

ဒူးတုပ်ပြီးထိုင်နေတဲ့ ကျန်းချန်ရဲ့အနောက်ကနေ ဘယ်တစ်ဖက် ညာတစ်ဖက် ကိုယ်ကလေးအသာရို့ပြီး ခေါင်းလေးစောင်းကာစပ်စုနေသူမှာ ဟောက်ရွှမ်းနှင့် ရှောင်းကျန့်ပင်။

မိနစ်အနည်းငယ်ကြာသည်အထိစိတ်ဝင်တစားကြည့်နေသော်ငြား ဘုန်းတော်ကြီးလက်ထဲက တစ်တောက်တောက်မြည်နေတဲ့ တုံးမောင်းခေါက်သံနှင့် ဂါထာရွတ်သံကလွဲရင် ကျန်တာဘာမှမထူးခြားပါပေ။

အယ် မဟုတ်မှ ကျန်းချန်က တစ်သက်လုံး လူပျိုကြီးဘဝနဲ့ပဲအရိုးထုတ်ရတော့မှာများလား။

ရှောင်းကျန့် တစ်ယောက် တောင်တွေးမြောက်တွေးနဲ့လုပ်နေသလောက် ဟောက်ရွှမ်းကတော့ အသေအချာကြီးကို စိတ်ဝင်တစားကြည့်နေသည်ပင်။

"အချစ်အတွက် နစ်နာခြင်းလဲ မရှိပေ အောင်မြင်ခြင်းလဲမရှိပေ။ သဘာဝသောလမ်းစဥ်မှာသာတွေ့ဆုံရလတ္တံ့။ ကောင်းမွန်သောလူသားနဲ့ဆုံစည်းဖို့ရာ ခရီးတစ်ဝက်သာရှိပါသေးတယ်"

HiwagaWhere stories live. Discover now