"မားမား"
"အိုက်ယား မားမားသားလေးက မတွေ့ရတာကြာတော့ပိုချောလာလိုက်တာ"
အရပ်ရှည်နေတဲ့သားဖြစ်သူကြောင့် ခါးကိုသာဖက်ထားရပြီး သားဖြစ်သူရဲ့လက်တံရှည်တွေက မိခင်ဖြစ်သူပုခုံးပေါ်မှာနေရာယူထားသည်။
"ဧည့်သည်ပါလာတာကို မခေါ်လာပဲ မားမားကိုကပ်ချွဲနေတယ်ပေါ့လေ"
အနောက်မှာ ခရီးဆောင်အိတ်တွေရော လက်ဆောင်ပစ္စည်းထုပ်တွေနဲ့ရပ်နေတဲ့ ရိပေါ်ကို လှမ်းမြင်တဲ့ ရှောင်ကျန့်ပါပါးက ဆိုင်ရှေ့မှာအလွမ်းသယ်နေကြတဲ့ သားအမိကို လူချင်းကွဲစေပြန်တယ်။
"ပါပါး နေကောင်းတယ်နော်"
"ကောင်းပါ့ကွာ မုန့်ဖိုးဖုန်းဆက်မတောင်းခင်ဆို ဒေါင်ဒေါင်ကိုမြည်လို့"
မိဘနှစ်ပါးရှေ့မှာ ကလေးလုပ်နေတဲ့ ရှောင်ကျန့်ကို ရိပေါ်က ခပ်ပြုံးပြုံးလေးသာကြည့်နေတယ်။ အရင်က ပါပါးရူး ရူးနေတဲ့ ရှောင်းရှောင်ကျန့်တစ်ယောက် ဘယ်ကမ္ဘာလွင့်သွားလဲဆိုပြီး တွေးမိချင် တွေးမိနေလောက်သည်။
"မောင်...ဝင်စို့"
ရှေ့က မောင် ဆိုတဲ့စကားလုံးကို ပါးစပ်လှုပ်ရုံသာလှုပ်ပြီးစိတ်ထဲကနေအချက်ပေးကာ အပေါက်ဝကိုမေးငေါ့ပြတဲ့ရှောင်ကျန့်အလိုတော်ကျ ရိပေါ်မှာ အထုတ်တွေဆွဲပြီး ဆိုင်ထဲလိုက်ဝင်ရသည်။
"ဝါး ရှယ်တွေကြည့်ပဲ"
"ဆိုင်မှာထမင်းစားချင်တဲ့ သားလေးကို ရှယ်တွေကြည့်မပြင်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ"
"ကောင်းကောင်းစားပါ့မယ်ဗျ"
"ဧည့်သည်ပါသေချာထည့်ကျွေးချေ ခနနေ နေ့လည်စာစားချိန် လူကျမှာမို့လို့မာမားမှာစရာရှိတာသွားမှာလိုက်ဦးမယ်"
"ရတယ်မား လုပ်စရာရှိတာသာလုပ် သားဟာသား ကြည့်လုပ်လိုက်မယ်"
ငယ်ငယ်တည်းက ဘယ်နေရာမဆို လျှောက်ပြေးနေကျဆိုင်ပေမယ့် အပြင်အဆင်ပြောင်းလဲလိုက်ပြီးနောက်မှာတော့ အိမ်ပြန်ချိန်တွေမှာသာ ရောက်ဖြစ်တဲ့ ဒီဆိုင်လေးက ရှောင်ကျန့်ကို ငယ်ဘဝအမှတ်တရတွေရော အသစ်သစ်သောအမှတ်တရတွေပါ ပေးနိုင်စွမ်းရှိတယ်။
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi