စာမေးပွဲမဖြေခင်ရော စားမေးပွဲစဖြေတဲ့နေ့တည်းကစပြီး ၂ ဘာသာမြောက်ပြီးတဲ့အထိ ရှောင်ကျန့် မှာ ပေါင်ပေါင်းကို အသေအချာဂရုမစိုက်နိုင်သလို ကိုယ့်ဘာကိုယ်လဲ ပြန်မကြည့်အားပေ။
တော်သေးတာက ပေါင်ပေါင်းက ဘာသိဘာသာနေတက်သလို ရှောင်ကျန့်ကိုအလုပ်မရှုပ်စေ။ တစ်ခါတစ်လေ စားချင်တာတွေ မှာမှာထားပေးတက်လို့ အချစ်ပိုရတာအခါခါပေါ့။
စာမေးပွဲဆိုတာကြီးကို ဘာလို့ဖန်တီးခဲ့ရတာလဲ လူကြီးတွေရယ် အခုတော့ဒီက သားတော်လေးက စာတွေခေါင်းထဲအတင်းထိုးထည့်နေပြီ အီးဟီး။
ဦးနှောက်ကောင်းတယ်ဆိုပြီး စာမေးပွဲနီးမှခေါင်းထဲထိုးသိပ်ထည့်တယ်မပြောပါနဲ့ စောစောကမှတ်လဲမေ့မှာ အခုမှမှတ်လည်းမေ့မှာကိုများ။
အရင့်အရင် ပထမနှစ်တုန်းကတော့ 1 subject 1 night နဲ့ဖြုတ်ခဲ့လို့ရပေမယ့် အခုတော့ တတိယနှစ်ဆိုတော့ကား အရဲမစွန့်ရဲတော့ပေ။
မြန်မြန်ကျောင်းပြီး မြန်မြန်စာတွေနဲ့ဝေးဟဲ့ဆိုပြီး moti လေးပေးကာစာလုပ်ရသေး။ ဘယ်သူမှမသိတဲ့ အသည်းနှလုံးလေးပေါင်ပေါင်းရဲ့ moti လေးတွေလည်းပါတာပေါ့။
အခုလည်း စာမေးပွဲတွင်းကြီး ရည်းစားနဲ့စိတ်ကောက်လာတဲ့ အမျိုးကောင်းသား ဝမ်ဟောက်ရွှမ်းဟာ မကျေနပ်သမျှတွေ laptop က mouse ကိုတဘုန်းဘုန်းထုပြီး မနက်ဖြန်ဖြေရမယ့်ဘာသာအတွက် ပုံကျင့်နေတယ်တဲ့။
သူများအိမ်မှာရည်းစားပူမိပြီးလာသောင်းကျန်းနေတာများ သိပ်ကိုထိပ်ထုချင်စရာပါပဲ။
အဲ့တာကြောင့် လောကမှာ ပေါင်ပေါင်းသာ အကောင်းဆုံးပါလို့။
"ဟိတ်ကောင် ဖြည်းဖြည်းလုပ် ငါ့သားလန့်သွားဦးမယ်"
မျက်နှာကတိမ်မည်းတွေတက်လာသလိုဖြစ်လာတာကြောင့် ရှောင်ကျန့်ပြောမိတာမှားပြီလားလို့တောင်တွေးမိသေး။
"ကိုကိုကလည်း ငါ့ကိုဂရုမစိုက်ဘူး။ မင်းကလည်းငါ့ကိုဂရုမစိုက်ဘူး ဘယ်သူမှငါ့ကိုဂရုမစိုက်ကြဘူး။ဂရုစိုက်ခံချင်တယ် ဂရုစိုက်ခံချင်တယ် ဂရုစိုက်ခံချင်တယ်လို့ဆို"
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi