#4

623 88 1
                                    


"ရှောင်း.... ရှောင်း"

လေဟာပြင်ကြီးထဲလွင့်နေသလိုခံစားရကာ မျက်လုံးမှိတ်ထားတာတောင်မှ စူးရှလွန်းတဲ့အလင်းရောင်တွေကြောင့် ရှောင်ကျန့် မျက်ခုံးအစုံကိုတွန့်ကွေးထားမိသည်။

"ရှောင်း...."

"အွန်"

သူ့နာမည်နဲ့ခပ်ဆင်ဆင်စကားလုံးကိုရွတ်နေတာ လား ခေါ်နေတာလားမသိတဲ့အသံခပ်ဝါးဝါးကြောင့် မျက်လုံးတို့ကိုအားယူဖွင့်တော့ ဖြူဖွေးနေတဲ့ဟင်းလင်ပြင်ကြီးအပြင် ဘာမှမရှိ။

ငါဘယ်ရောက်နေတာလဲ။

ဦးနှောက်ကဘာမှလဲလိုက်မမှီသလို ဘာမှလဲမစဥ္းစားနိုင်။

"ရှောင်း"

နား နားကိုဖြတ်တိုက်သွားတဲ့လေပွေလေးနဲ့အတူတူ ခပ်ကြည်ကြည်အသံလေးက ကြားလိုက်ရသူအဖို့ အေးခနဲ။

"ဘယ်သူလဲ....လူရှိလား လူရှိလား"

စမ်းတဝါးဝါးနဲ့ရှေ့ကိုလျှောက်သွားတော့ တိမ်တွေပေါ်လျှောက်နေရသလို အဖြူရောင်အငွေ့တွေက ကြမ်းပြင်မှာအပြည့်။

"ရှောင်း တိုးလာခဲ့ ဒီရှေ့မှာရပ်နေတယ်..."

တစ်ဖက်ကမမြင်ရတဲ့သူ ခေါ်နေတဲ့နာမည်ဟာ သူ့နာမည်ဖြစ်လို့နေလေတယ်။

"မင်းဘယ်မှာလဲ ငါမမြင်ရဘူး"

"ရှောင်း ရဲရဲတိုးခဲ့ မကြောက်နဲ့ရဲရဲတိုး"

လက်တွေကတစ်စုံတစ်ခုကိုဖမ်းဆုပ်နိုင်လေမလား ဆိုတဲ့ အတွေးနဲ့ဆန့်ထုတ်လိုက်ပေမယ့် စမ်းမိသမျှလေဟာပြင်သာ။

တစ်ရွေ့ရွေ့တိုးလာတော့ လက်မှာတင်းခနဲဖြစ်သွားတဲ့တင်းအားကြောင့် ငုံ့ကြည့်မိတော့ ကြိုးအနီရောင်လေးတစ်ခုကသူ့လက်မှာပတ်ထားသလို မမြင်ရတဲ့တိမ်ဖုံးနေတဲ့လေဟာပြင်မှာ တန်းလန်းဖြစ်နေတယ်။

တစ်ရွေ့ရွေ့တိုးလာတော့နားထဲမှာ ပဲ့တင်ထပ်လာတာက ရေတံခွန်ကရေစီးနေတဲ့အသံတွေ။ထို့အတူ ခေါ်နေတဲ့သူရဲ့အသံကပါပီပီသသ ကြားလာရ၏။

"ရှောင်း...."

ထိုခေါ်သံက အနည်းငယ်ပျောက်သွားပြီး ကျွန်တော်တစ်ယောက်တည်းပဲရှိနေခဲ့တော့သလို ရေသံတွေကြားနေပေမယ့် ရေနဲ့တူတာကိုမမြင်နိုင်ပေ။

HiwagaWhere stories live. Discover now