#18

355 44 5
                                    

"ကျန်းချန် ငါတို့လာတယ်"

ဆေးရုံကုတင်ပေါ်မှာ ဖုန်းနဲ့ငြိမ့်နေတဲ့ဟောက်ရွှမ်းသာရှိပြီး လူနာကတော့ အခန်းထဲမှာရှာမရပေ။

"အေး လာပြီလား"

"မင်းက အဲ့မှာဘာလုပ်နေတာလဲ"

"လူနာစောင့်နေတာလေ"

"ဘယ်မှာလဲ မင်းလူနာ။ တစ်ခါတည်း လူနာစောင့်တဲ့လူက အိပ်မောကျနေလို့ nurse က လူနာနဲ့ဆေးမှားထိုးခံရမယ့်ရုပ်နဲ့များ"

"မင်းကလည်းပြောမယ်ဆိုတာကြီးပဲ လူနာဆေးသွားစစ်တယ်ဟ ခနနေပြန်လာလိမ့်မယ်"

"လူနာကိုတစ်ယောက်တည်းလွှတ်လိုက်တာလား"

"မဟုတ်ဘူး ကိုကိုကျိရန်ပါသွားတယ်"

"ပြီးတာပါပဲ"

"ရှောင်ကျန့် မင်းဘယ်သူ့အားကိုးနဲ့ အဲ့လောက်တောင်စွာလာရတာလဲ"

အနောက်ကဆိုဖာပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ရိပေါ်ကို လက်မလေးနောက်ပစ်ပြီးညွှန်ပြကာ မျက်စပစ်ပြလိုက်တော့ ဟောက်ရွှမ်းက အော်တိုတိတ်သွားသည်။အားကိုးရတဲ့သူငယ်ချင်းနှစ်ယောက်လုံးက နတ်သားလေးကို ရှိန်ကြသည်လေ။

"ဟော ရှောင်ကျန့်လေးတို့ရောက်နေတာပဲ"

အခန်းထဲကိုပြန်ဝင်လာတဲ့ ကျန်းချန်မာမားက ပျူပျူငှာငှာနဲ့ နှုတ်ဆက်တယ်။

"အန်တီ ကျန်းချန်ကဘယ်လိုဖြစ်တာလဲ အခုရောသက်သာရဲ့လားဗျ"

"သက်သာပါတယ်ကျန့်ကျန့်ရယ် မင်းသူငယ်ချင်းက အစားမှားပြီး အစာအဆိပ်သင့်သွားတာပါ။ ဆေးရုံမြန်မြန်ရောက်သွားတာတော်သေးလို့ လို့ပြောရမယ် သားရေ"

"မာမား သားအကြောင်းတွေပြောနေပြန်တာလား"

ကျိရန်ကိုတွဲကာ အခန်းထဲဝင်လာတဲ့ လူနာအစစ်ဝင်လာမှပဲ လူနာအခန်းထဲမှာ စကားသံတွေငြိမ်သွားကြတယ်။

"လာ ငါ့ကိုတွဲ"

စောနကထိ ကိုယ်နဲ့မဆိုင်သလို ဆိုဖာမှာထိုင်နေတဲ့ရိပေါ်က လူနာကိုရှောင်ကျန့်ဝင်တွဲတော့ ထိုင်ရာကနေအလျှင်အမြန်ထလာတာကြောင့် ခေါင်းအသာငြိမ့်ပြလိုက်ပြီး ပြန်ထိုင်ခိုင်းလိုက်ရသေးသည်။

HiwagaWhere stories live. Discover now