Warning! read at your own risk
"We are married"
ပင်လယ်ပြင်ကိုမျက်နှာမူကာ ပါးစပ်နားလက်နှစ်ဖက်ကပ်ပြီးအသံကျယ်ကျယ်နဲ့အော်နေတဲ့ ရှောင်ကျန့်မျက်နှာမှာအပြုံးတွေအပြည့်။
လူအနည်းငယ်ရှင်းနေသော်ငြား ကမ်းခြေကခရီးသွားအချို့က ထိုအသံကြားတော့ လက်ခုပ်တီးကာ လှမ်းပြီးဂုဏ်ပြုကြပါသေးသည်။
"ဒီနေ့ကစပြီး ငါကဝမ်ရိပေါ်ယောကျာ်းဖြစ်သွားပြီကွ"
ထပ်အော်လာတဲ့အသံကျယ်ကျယ်က ဘာသာစကားမတူတာကြောင့် ဘယ်သူမှတော့ထပ်ပြီးအာရုံစိုက်မလာတော့ပါချေ။ သဲပြင်ဖွေးဖွေးပေါ် ခြေထောက်တွေထိုးစွပြီးထိုင်ချပစ်လိုက်တော့ အနောက်ကနေခပ်ပြုံးပြုံးမျက်နှာပေးနဲ့ကြည့်နေတဲ့ရိပေါ်က အနားကိုအပြေးလေးရောက်လာသည်။
"ပျော်လား ရှောင်း"
"အင်း အရမ်းပဲ"
ပင်လယ်ပြင်ကဆန်တက်လာသည့် ဆားနံ့ခပ်သင်းသင်းလေထုကိုတစ်ဝကြီးရှုရှိုက်လိုက်ပြီး မျက်လုံးတွေမှိတ်ကာ ပေါင်ပေါင်းပုခုံးပေါ်မှီချလိုက်တော့ အလိုက်သင့်လေးပြန်ဖက်တွယ်လာခဲ့သည်။
လေယာဥ္အကြာကြီးစီးရတဲ့ခရီးရှည်ကြီးထွက်ချင်တယ်ဆိုတဲ့ရှောင်ကျန့်ရဲ့ ဆန္ဒကို ရိပေါ်က Irelad နိုင်ငံက Kerry မြို့လေးကိုလိုက်ပို့ပြီးဖြည့်ဆည်းပေးသည်။
မနက်ခင်း Kerry မြို့လေးမှာရှိတဲ့ တရားရုံးမှာလက်မှတ်ထိုးကာ လက်ထပ်မှတ်ပုံတင်ခဲ့ပြီး Derrynane beach ကိုသူတို့ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။
"မားမားကချုံချင်းမှာလဲ ဂုဏ်ပြုပွဲလုပ်ပေးချင်သေးတယ်တဲ့"
"အင်း မားမားသဘောကျလုပ်ခိုင်းလိုက်ပါ"
ကိုယ့်သဘောအရဆိုရင်တော့ ဘာပွဲမှလုပ်မနေချင်ပါ။ ရင်းနှီးတဲ့ ကျန်းချန်တို့ ဟောက်ရွှမ်းတို့ကိုခေါ်ကာ စားပွဲတစ်ခုလုပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေးပဲပြီးသွားစေချင်သည်လေ။ အခုတောင် Ireland အထိ လက်မှတ်လာထိုးတာသာကြည့်ပါလား။
"မောင် မင်းနဲ့ငါယူပြီးပြီးဆိုတိုင်းအရင်လိုဂရုမစိုက်တော့ဘဲ မားမားဘက်တော်သားဖြစ်သွားကြည့်နော်"
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi