"ပေါင်ပေါင်းကိုချစ်ဖို့ မွေးဖွားလာပါတယ်~~"
သီချင်းလေးဆိုပြီး ဗီရိုထဲက အဝတ်တွေကို ကုတင်ပေါ်တင်ကာအလုပ်များနေသူကတော့ နတ်သားလေးရိပေါ်ရဲ့ နှစ်ယောက်မရှိတဲ့ချစ်ရသူ ရှောင်ကျန့်ပင်။
"မာမားဟာ အားကြီး စိတ်ပုတ်ပါတယ်လေ~~"
စာသားနောက်တစ်မျိုးပြောင်းဆိုချိန်မှာတော့ မျက်နှာလေးကအနည်းငယ်စိတ်မကောင်းနေဟန်လေး ပေါက်လို့သွားသည်။
"ပါပါးဟာ သိရက်နဲ့ ဝင်မပါခဲ့ပါလေ~~"
ဒီတစ်ခါတစ်မျိုးပြောင်းသွားတဲ့စာသားကို ဆိုလို့အပြီးမှာတော့ ဗီရိုတံခါးကို ဂျိမ်းခနဲမြည်အောင်ပိတ်လိုက်ပြီး ခါးလေးထောက်ခါ နှာမှုတ်ပြီး မကျေနပ်ကြောင်းတွေ စတင်ပြသတော့သည်။
"ရှောင်း"
မကျေနပ်တဲ့မျက်စောင်းလေးဟာ အပေါက်ဝမှာရပ်နေသူ နတ်သားလေးဆီသို့ဒိုင်းခနဲရောက်ရှိလို့သွားသည်။
"ရှောင်းရယ် စိတ်မဆိုးရဘူးလေ"
"ဒါကြီးကစိတ်မဆိုးသင့်ဘူးပေါ့လေ ဟုတ်လား"
အိပ်ရာပေါ်မှာတင်ထားတဲ့ လက်ဆွဲအိတ်နဲ့အတူ အခုလေးတင်မိမိကိုယ်တိုင်ရွေးထုတ်ပေးထားတဲ့ ရိပေါ်ရဲ့အင်္ကျီလေးစုံကို လက်ညိုးထိုးကာပြသည်။
"ရှောင်းမိဘတွေဆီကနေ အသိအမှတ်ပြုခံရဖို့သွားတာပဲလေရှောင်းရယ်"
"အဲ့တာ မားမားတမင်သက်သက်လုပ်တာ"
ဟုတ်သည်လေ သားမက်ကိုဆွေပြမျိုးပြခေါ်လာတုန်းကကျသဘောမတူဘဲနဲ့ သားမက်ကသူ့နည်းသူ့ဟန်နဲ့ မျက်နှာရအောင် ဆိုင်မှာရော ကျန်တာတွေရောအကုန်ကူလုပ်ပေးတော့ကျ သဘောတွေကျနေလိုက်တာများ။
အခုလဲ အပတ်စဥ္သောကြာနေ့ညနေတိုင်းချုံချင်းပြန်ပြီး ဆိုင်မှာလာကူပေးဖို့သဘောတူညီချက်ကြီးလုပ်ခဲ့တယ်တဲ့လေ။
ဘယ်မှာလဲ ရှောင်းရှောင်ကျန့်လေးအတွက်တရားမျှတမှု။
"ရှောင်းရယ် မောင်ကနှစ်ရက်လေးသွားတာပါ တနင်္ဂနွေညနေအရောက်ပြန်လာမှာလေ"
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi