"ရှောင်ကျန့်ဆိုတာရှင်လား"
နေ့လည်စာစားဖို့အတွက်မားမားဆိုင်ကိုထွက်လာတုန်းရှိသေး အိမ်ရှေ့မလှမ်းမကမ်းမှာတွေ့လိုက်သည့်ကောင်မလေးက ထိုစကားတစ်ခွန်းဆိုကာ ကားပေါ်ကနေဆင်းလာသည်။
"ဘယ်သူလဲမသိဘူး"
"ရှင်နဲ့ကြင်ဖက်တွေ့ဖို့ပြောထားတဲ့ ချင်းအော်ဆိုတာကျွန်မပဲ"
"ချင်းအော်? စိတ်မရှိပါနဲ့နော် ကျွန်တော်ခင်များနာမည်ကိုတစ်ခါမှမကြားဖူးဘူးဗျ။ ပြီးတော့ကြင်ဖက်တွေ့ဖို့ဆိုတာ ဘာကိုပြောတာလဲ"
"ယောကျာ်းကြီးဖြစ်ပြီး ဗြောင်လိမ်ဗြောင်စားနဲ့"
"ဒီမှာမိန်းကလေး တစ်ခုခုတော့အထင်လွဲနေပြီထင်တယ်။ အကြောင်းအရာတိတိတကျကျမပြောဘဲ ဒီလိုဘလိုင်းကြီးတော့ မစွပ်စွဲသင့်ပါဘူး"
"ကောင်းပါတယ် ရှင့်လိုလူနဲ့ကြင်ဖက်မတွေ့ဖြစ်လိုက်တာ။ ရုပ်ကလေးကတော့ကြည့်ကောင်းပါရဲ့ အကျင့်ကတော့တစ်စက်ကလေးအဆင်မပြေဘူး"
သိလဲမသိဘဲ ဘလိုင်းကြီးလာပြောခံရတာကြောင့် စိတ်ထဲမှာအနည်းငယ်တော့အချဥ္ပေါက်မိသည်။ တစ်ဖက်ကမိန်းကလေးဖြစ်နေလို့သာ ဘာမှမပြောဘဲ ငြိမ်နေလိုက်ပါမယ်လေ။
ကားပေါ်တက်ကာမောင်းထွက်သွားသည့် ချင်းအော်ဆိုတဲ့ ကောင်မလေးကိုကြည့်ပြီး ရှောင်ကျန့် ခေါင်းနောက်ချင်သလိုတောင်ဖြစ်သွားသည်။
လက်ကနာရီကိုငုံ့ကြည့်တော့ သွားရမယ့်အချိန်နီးတာမို့ မြန်မြန်သာလျှောက်လာလိုက်သည်။
Taxi စောင့်နေလို့တော့မဖြစ်၊ တော်ကြာ ပေါင်ပေါင်းကို suprise မလုပ်လိုက်ရဘဲနေပါဦးမယ်လေ။တစ်ဖက်ရပ်ကွက်က အန်တီယင်းတို့အိမ်ကနေစက်ဘီးလေးငှားကာ ဆိုင်သွားမည်ဟုသာတွေးလိုက်ပြီး လမ်းကူးရန်စောင့်နေလိုက်သည်။
လူကူးမျဥ္းကျားမရှိသည့် ရပ်ကွက်လမ်းသွယ်ဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာလမ်းရှင်း မရှင်းကြည့်ပြီးမှ သေချာကူးရသည်။
တီ တီ တီ!!
"အား! ပေါင်ပေါင်း"
ဆိုင်မှာစာရင်းလုပ်ရင်း ကောင်တာထိုင်နေပေးသည့် ရိပေါ်ရဲ့ လက်မှာကိုင်ထားသည့်ဘောပင်လေးဟာစားပွဲပေါ်ပြုတ်ကျသွားသလို နားထဲမှာ အလန့်တကြားအော်ခေါ်လိုက်သည့် ရှောင်ကျန့်အသံကိုကြားလိုက်ရတာကြောင့် ထိုင်ခုံကနေချက်ချင်းမတ်တပ်ထရပ်မိသည်အထိပင်။
YOU ARE READING
Hiwaga
FanficHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi