"ပေါင်ပေါင်း"
ကုတင်ပေါ်မှာလက်နှစ်ဖက်ပိုက်ကာငုတ်တုပ်ထိုင်နေသည့်ရှောင်ကျန့်က ကုတင်အောက်မှာခရီးဆောင်အိတ်ထဲကိုအဝတ်တွေထည့်နေသည့် ရိပေါ်ကိုမျက်စောင်းလေးထိုးပြီးကြည့်နေသည်။
"မင်းရဲ့အမျိုးသားကငါကောဟုတ်ပါသေးတယ်နော်"
"ရှောင်းဟုတ်ပါတယ်"
မျက်လုံးလေးလှန်ကြည့်ပြီးပြောလာသည့်နတ်သားလေးက ပစ္စည်းထည့်နေတာလဲမပျက်ပေ။
"ဟာ ငါပြောချင်တာက ငါ့ကိုထားခဲ့ပြီးမားမားဆိုင်ကိုသွားနေတာကိုမကျေနပ်တဲ့အကြောင်းပြောချင်တာကွာ"
"ရှောင်းရယ် မောင်ကပြောထားပြီးပြီလေ၊ ပြီးတော့ရှောင်းရဲ့မိဘတွေမောင့်ပေါ်အမြင်ကြည်အောင်ကြိုးစားရမှာပေါ့"
"ဒီတစ်ပတ်မသွားဘဲနောက်အပတ်မှသွားလို့မရဘူးလား"
"ဘာဖြစ်လို့လဲရှောင်းရဲ့"
"ငါ့စိတ်ထဲတစ်မျိုးကြီးပဲ မင်းကိုအနားကနေဘယ်မှမသွားစေချင်ဘူးဖြစ်နေတယ်"
တွေးစစလေးပြောလာသည့်ရှောင်ကျန့်ရှိရာကုတင်နားကိုထလာပြီး သိုင်းဖက်ပေးလိုက်တော့ မတ်တပ်ရပ်နေသည့်ရိပေါ်ခါးပေါ်ရောက်လာသည့် လက်တွေကတင်းတင်းကြပ်ကြပ်ကိုထွေးပွေ့ထားသည်။
"ရှောင်းစိတ်ထင်လို့နေမှာပါ မောင်ဘာမှမဖြစ်ဘူးနော်"
"အင်း ငါစိတ်ထင်လို့ပဲနေမှာပါ"
မနက်နိုးတည်းကပေါင်ပေါင်းကိုအနားကနေမခွာ မျက်စိအောက်ကနေအပျောက်မခံဖြစ်နေတာကျောင်းတောင်မသွားနိုင်သည့်အထိပဲ။ အခုလည်းညနေခင်းမားမားတို့ဆီသွားဖို့ကို အထုတ်တွေပြင်နေတာကြည့်ပြီး ရင်ဘတ်ထဲဟာတာတာနှင့်။
"ရှောင်းဘာစားချင်လဲ တစ်ခုခုစားဦးလေ"
မနက်တည်းကဟုတ်တိပက်တိမစားရသေးသည့် ရှောင်ကျန့်အတွက် ပေါင်ပေါင်းကမသွားခင်တစ်ခုခုဝင်အောင်ကျွေးသွားချင်နေသည်။
"မနေ့ကကုန်တိုက်သွားတုန်းကကြက်ကင်တွေဝယ်လာတာရှိတယ် ရှောင်းစားချင်လား"
YOU ARE READING
Hiwaga
FanfictionHiwaga- \mystery; full of wonder\ Wang Yibo × Xiao Zhan ☑️Unicode ☑️Zawgyi