#15

470 52 2
                                    

ရှောင်ကျန့်ရဲ့ ချဥ္ချဥ္စပ်စပ်ပေါင်မုန့်သွေးတောင်းမှုကြီးက ကုန်တိုက်အောက်က Pizza ဆိုင်မှာ ခရီးဆုံးသည်။

Extra cheese နဲ့ ဝက်ပေါင်ခြောက် pizza ကို catchup နဲ့အားပါးတစ်ရတို့စားပြီး ဆန္ဒတွေပြည့်ဝသွားတဲ့ရှောင်ကျန့်ရဲ့ဘေးမှာ တာဝန်ပြီးဆုံးသွားတဲ့ ဖန်ဆင်းရှင်ရိပေါ်က အမောပြေအအေးတစ်ခွက်နဲ့။

"နောက်တစ်ချပ်ထပ်မှာထားရမလား ရှောင်း"

"နိုးနိုးနိုး မလိုတော့ဘူး ဒါနဲ့တင်ဗိုက်ဝပြီ ။ ထည့်စားလေ ငယ်ငယ်ကလိုဖဲ့ပေးရဦးမလား"

ခရင်းနဲ့ဓားကိုမအားမလပ်သုံးနေတဲ့ လက်တွေက စားပွဲအလယ်က ပန်းကန်ထဲက pizza တစ်စိပ်ကို စားလက်စပန်းကန်ထဲထပ်ထည့်တယ်။

"မောင် ဗိုက်ဝနေပြီ။ ရှောင်းသာဝအောင်စားနော်"

"အင်းအင်း ပြီးရော"

စစချင်းထိုင်ခဲ့တဲ့စားသောက်ဆိုင်မှာ ရှောင်ကျန့် တို့ခနဲဆိတ်ခနဲလုပ်ခဲ့တဲ့အစားအသောက်တွေကို ဒိုင်ခံရှင်းခဲ့ရတာ ရိပေါ်ဆိုတာကိုတော့ Pizza တွေပလုတ်ပလောင်းဝါးနေတဲ့ ရှောင်ကျန့်က မေ့နေခဲ့သည်။

Pizza နဲ့လိုက်ဖက်တဲ့ Coca cola အစား လီမွန်တီးသာမှာတဲ့ရှောင်ကျန့်က လီမွန်တီးခွက်ကို အသံထွက်တဲ့အထိ ပိုက်နဲ့စုပ်သောက်ကာ ရှင်းပစ်လိုက်သည်။

"ဟား ဗိုက်ကိုဝသွားတာပဲ။ မောင် မင်းအကောင်းဆုံးပဲသိလား ငါစားချင်တာကို မင်းရအောင် အဓိပ္ပါယ်ဖော်တက်တယ်"

နတ်သားလေးခမျာ အခုမှပဲ အားရှိပါးရှိ ပြုံးနိုင်ရှာတော့သည်။

စားသောက်ဆိုင်မှာ ချဥ္ချဥ္စပ်စပ်ပေါင်မုန့်မရောင်းလို့ ရန်တွေ့ခံခဲ့ရတဲ့ ဆိုင်ပိုင်ရှင် အဒေါ်ကြီးကတော့ မျိုးရိုးစဥ္ဆက် ဆိုင် menu ကို ဘယ်လို ဖြည့်စွက်မွန်းမံရမလဲဆိုတာ ခေါင်းစားနေခဲ့တာတော့ ချွင်းချက်။

"ရှောင်း စိတ်ချမ်းသာဖို့အရေးကြီးပါတယ်"

ဒီလိုကျတော့လည်းဘယ်ဆိုးလို့လဲ ယောကျာ်းတစ်ယောက်အလကားရတာက။ အလိုလဲလိုက် အကုန် ရှောင်း သဘောဆိုတဲ့တစ်ခွန်းပဲ။

HiwagaWhere stories live. Discover now