"ဝေါ့~~~အော့ အဟွတ်~အဟွတ်~~"
"လန်လေး~~~ သမားတော်နဲ့ ပြကြည့်ပါ့လား~~~"
"ရတယ်~~ ကျဲဟွားချင်~~~ လန်လေး အဆင်ပြေပါတယါ~~~"
အဆင်ပြေပါတယ် တဲ့လား ကလေးရယ်
နေနတ်ဘုရားဘက်က ရင့်ရင့်သီးသီး ဆက်ဆံနေတာတောင်မှလေ
လန်လေးအတွက် ဖန်တီးပေးထားတဲ့ ဥယျာဉ်တော်မှာ မိဖုရားချင်းအယ်ကို ဝင်ခွင့်ပေးရုံသာမက ချစ်ကြည်နူးနေကြတာ
ထိုမြင်ကွင်းတွေ မြင်တိုင်း လန်လေး ဘယ်လောက်ထိ နာကျင်ခံစားနေရသလဲဆိုတာ ခန့်မှန်းလို့တောင်မရပါဘူး
တစ်ခါတလေ အခန့်မသင့် မိဖုရားနဲ့ စကားများမိတိုင်း လန်လေးကိုပဲ စွပ်စွဲကာ အနာတရ ရအောင် မင်းကြီး ကိုယ်တိုင်ပင် လုပ်တတ်သည်
နေ့ရက်တိုင်း သူ့ရင်ခွင်ထဲမှာ ငိုကြွေးနေခဲ့တယ်
စစ်ကျွေးလေးက မခံနိုင်တော့ အေးချမ်းတဲ့ နေရာ ထွက်သွားကြရအောင်ဆိုပြီး ပြောတော့လဲ
ကိုကိုက သူ့ကို ဘာတွေပဲ ဖြစ်လာဖြစ်လာ ယုံပေးပါလို့ နောက်ဆုံး ပြောသွားခဲ့တာ တဲ့
လန်လေး သေရင် သေပါစေ ကိုကို့အရိပ်ကနေ ဘယ်တော့မှ မထွက်သွားဘူးတဲ့
ခက်လိုက်တာ လန်လေးရယ်
အခုလဲ မျက်နှာနုနုလေးမှာ လက်ဝါးရာကြီးနဲ့
မနေ့က ထိုမိန်းမကို စကားပြောနေရင်း မင်းကြီးလာမှန်းသိတော့ သူ့ကိုသူ ကြမ်းပြင်ကို လှဲချပစ်လိုက်သည်
လန်လေးက တွန်းပါတယ်ဆိုပြီး တိုင်တန်းတော့ ရလိုက်တာက လန်လေး အသက်တမျှ ချစ်ရသူရဲ့ ရိုက်ချက်တဲ့လား
ပြီးတော့ ပြောလိုက်တဲ့ စကားတစ်ခွန်း
ဇီချွမ်းကြောင့်သာ မဟုတ်ရင် လန်လေး ဒီနန်းတော်ထဲမှာ ဒီလောက်ထိ နေနိုင်မှာ မဟုတ်ဘူး မင်း ယောကျာ်းနားသာ ကပ်ဖားနေစမ်းပါတဲ့
ကျွန်မလေ ထိုအချိန် အရင်က
လေးစားရတဲ့ နေနတ်ဘုရားဆိုတာလဲ မသိတော့ဘူးထိုနေရာမှာတင် တစ်ခုခု လုပ်ပစ်ချင်စိတ်ပေါက်လာမိသည်
သို့ပေမယ့် ထိုစကားကြောင့်သာမက ကြမ်းပြင်မှာ ထိုလူ့ရိုက်ချက်ကြောင့် ပုံ့ပုံ့လေး လဲနေတဲ့ လန်လေးကိုသာ ကူတွဲရင်း ထိုနေရာမှ ထွက်လာခဲ့လိုက်တယ်