Ep_7 (zawgyi)

915 60 1
                                    


ရှောင်ကျန့်ရဲ့ မြတ်နိုးရာ ဝမ်လေး
အူတိုခြင်းက ဂိတ်ဆုံးရောက်နေပြီ
ထင်ပါတယ်

အနောက်ကနေ သူ့ ခါးကို သိမ်းကျုံးဖက်ထားတဲ့ ရှောင်ကျန့်လက်ကို သူ့သွားချွန်ချွန်လေးတွေနဲ့ ကိုက်ပစ်လိုက်တယ်လေ

"အာ့"

ခွေးပေါက်လေးက. ကိုကို့ကို ကိုက်တယ်ပေါ့လေ

"အ မ လေး"

ဟုတ်ပါတယ် ရှောင်ကျန့် သူ့ပေါ်ပေါ်က ဝမ်လေးကို မျက်နှာချင်းဆိုင်ဖြစ်အောင်
ဆွဲလှည့်လိုက်တာပါ

အခုတော့ ဝမ်လေးမျက်နှာက
သူ့ရဲ့ အရှေ့တည့်တည့်မှာ

နီးကပ်နေတဲ့ ကလေးရဲ့မျက်နှာလေး

နှုတ်ခမ်းလေးက အမြဲတမ်း ချယ်ရီရောင် သမ်းနေတာလား ကလေးရာ🤨🤨

ရှောင်ကျန့် ကလေးရဲ့ နှုတ်ခမ်းလေးကို စိုက်ကြည့်ရင်း ကြည့်ရင်းကနေ ဝမ်လေးက ရှက်လာလို့ ထင်ပါတယ်

သူ့နှုတ်ခမ်းလေးကို သူ ပြန်ကိုက်နေတယ်

အာ နှုတ်ခမ်းတွေ ပေါက်ကုန်တော့မှာပဲ

ကိုက်ပြီးပြန်တော့လဲ
ကလေးပေါက်က အငြိမ်မနေ
လျှာလေးနဲ့တောင် နှုတ်ခမ်းလေးကို သပ်လိုက်သေးတယ်

မရတော့ဘူး...မရတော့ဘူး
အစက ကလေးစိတ်ပြေအောင် ချော့မလို့ပဲ

အခုတော့ သူ့ရဲ့ သည်းခံနိုင်စွမ်း
မိုင်းနပ် ပါ ပြနေပြီ

ကလေးရဲ့ လည်တိုင်နောက်ကို
သူ့လက်တစ်ဖက်နဲ့ ထိန်းကိုင်ကာ
ဆွဲယူပြီး ချယ်ရီသကြားလုံးလေးကို အားရပါးရ စုတ်ယူစားလိုက်တော့ သည်

နူးညံ့အိစက်နေတာပဲ ကလေးရာ

ကလေးဘက်ကလဲ တုံ့ပြန်အနမ်းပေးတော့ ရှောင်ကျန့်တစ်ယောက်
ပင်လယ်ရေ သောက်နေရသလိုပါပဲ
ဘယ်လောက်နမ်းနမ်း မဝဘူး
နမ်းပြီးရင်း နမ်းချင်နေမိသည်

သူ့ကလေးက အသက်ရှုမဝတော့ဘူးထင်တယ်
ရင်ဘတ်က အင်္ကျီစကို စုတ်ကိုင်ရင်းကနေ ဖွဖွလေးပုတ်လာတယ်လေ

ဒါပေမယ့် ကလေးရဲ့နှုတ်ခမ်းလေူကို သူမလွှတ်ပေးနိုင်ခဲ့ပါ
ကလေးရဲ့ နှုတ်ခမ်းလေးအပေါ်
ရူးသွပ်မှုက ကြီးစိုးနေလို့လေ

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now