Ep_26 (uni+zaw)

936 83 0
                                    

အပြစ်ဒဏ်ကိစ္စ အပြီး ရှစ်လအထိ
နေနတ်ဘုရားနဲ့ ပန်းနတ်ဘုရားလေးတို့ရဲ့ အချစ်ခရီးလမ်းဟာ
ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ

အထင်လွဲစရာ ကိစ္စများဆို
လုံးဝမရှိ

အဲ!!!!ပန်းနတ်ဘုရားလေးက သွေးသားရင်းမဟုတ်တဲ့ အမတွေကို ကပ်ချွဲတာက လွဲလို့ပေါ့

တစ်ခါက နတ်ဆေးသမားတော် ဝမ်ချင်နဲ့ ဝိညာဉ်စီမံရာ နတ်ဘုရားမ ယန်းလီတို့ကို ချွဲရင်း အာဘွား သွားပေးတယ်​လေ

ထိုနေ့က နေနတ်ဘုရားဟာ
ကောင်းကင်ဘုံကိစ္စကို လုပ်ဆောင်နေချိန်ပေါ့

Flashback;

"ကျဲယန်လီရေ ကျဲ.."

"ဟေ ဝမ်လေး ဘာကိစ္စရှိ...မဟုတ်ဘူး  ဘာမွှေမလို့လဲ ပြောပါအုန်း"

"ဟီးးးဟီးးး"

"ကျဲကလဲ ဝမ်လေးက်ိုဆို ဖဲ့ဖို့ပဲ
ဟွန့်...."

"ကျဲ ပြောတာ မှားလို့လား..
ဟမ် ပိစိ"

ယန်းလီ သူ့ရှေ့က ပန်းနတ်ဘုရားလေးခေါင်းကို အသာပွတ်ပေးရင်းပြောလိုက်တော့

သူ့မူပိုင် ချစ်စရာ နှုတ်ခမ်းထူထူလေးက ဆူလာတယ်

"မဟုတ်ပါဘူးဆို မမဝမ်ချင်က စစ်ပွဲက နတ်သားတွေအတွက်  ဆေးချက်တာ ဝိညာဉ်ကြာပန်းရဲ့ ဝတ်မှုန်လိုလို့ ကျဲကို ခေါ်ခိုင်းလိုက်လို့ပါနော် "

"အာ...ဟုတ်သား အခုတလော နတ်သားတွေ အထိအခိုက်များထားတယ် လာ ..လာ သွားရအောင်
ဝမ်လေး"

နတ်ဆေးသမားတော် အဆောင်၌

"အော့ ယန်းလီ လာပြီလား ငါ့ကို ကူပါအုန်း ဝမ်လေးလဲ လာ"

အခုတလော မိစ္ဆာတပ်တွေကြောင့်
ကောင်းကင်ဘုံက အထိအခိုက်များနေတယ်

ဒါကြောင့်လဲ နေနတ်ဘုရားတို့လို့
ကောင်းကင်ဘုံ အားထားရတဲ့ နတ်ဘုရား အားလုံး အလုပ်ရှုပ်နေကြသည်

ပန်းနတ်ဘုရားလေးရယ် ဝိညာဉ်စီမံရာနတ်ဘုရားမတို့ရဲ့ ကူညီမှုကြောင့် ဝမ်ချင် လုံလုံလောက်လောက် ပြုလုပ်နိုင်သွားတယ်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now