Ep_30 (uni+zaw)

1K 87 2
                                    

ခွမ်း!!!!

တိုက်ပွဲအတွင်း ထိခိုက်သူ ရှိလာမည် အမှန်

မမဝမ်ချင်တို့နဲ့ အလုပ်လုပ်နေတုန်း
စားပွဲပေါ်က ကြာပန်းတွေနဲ့ အလှဆင်ထားတဲ့ အိုးလေးက ကျကွဲတယ်လေ

သူ...သူထင်လိုတော့ မဖြစ်လောက်ဘူးမလား

..........

ကြားလိုက်ရတဲ့သတင်းက ကောင်းကင်ဘုံ အနိုင်ရတယ်တဲ့

ရိပေါ်အရမ်းဝမ်းသာတာပဲ

ဒါဆို ကိုကို ပြန်လာတော့မှာပေါ့

ဒီညတော့ စောစောအိပ်ဖို့ပြင်လိုက်မယ် နောက်နေ့တော့ ကိုကို့ရင်ခွင်ကြီးက ပြန်ရောက်လာတော့မယ်လေ

.........

မျက်စိမျက်နှာပျက်နေကြသည့်
ကောင်းကင်စစ်သည်တို့ကြောင့်
ရိပေါ် ယောင်အအ

****ဘာလဲဟ တိုက်ပွဲနိုင်လာတာကို

........

ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်း

ရိပေါ် ခြေထောက်ပင်မခိုင်တော့
လဲကျမလိုဖြစ်သွားတဲ့ သူ့ ခန္ဓာကို
ယန်းလီကျဲနဲ့ မမဝမ်ချင်တို့က ကူထိန်းပေးထားတယ်

အကိုတော်က ပျော့ခွေနေတဲ့ ကိုကို့ ခန္ဓာကို ပွေ့ချီလာတယ်လေ

"ဝမ်လေး အကို တောင်းပန်ပါတယ်
ရှောင်ကျန့်ကို မကာကွယ်နိုင်ခဲ့ဘူး"

ပြောရင်းနဲ့ မျက်ရည်တွေ ဝဲလာတဲ့
အကိုတော်က ကိုကို့ ခန္ဓာကို သူ့ရှေ့ချရင်း ဒူးထောက်နေတယ်လေ

ရိပေါ်မှာလဲ မထွက်လာသော မျက်ရည်တို့နဲ့အတူ ဘာမှမရှိတဲ့ သူ့ရှေ့ကိုသာ မျက်လုံးသေတွေနဲ့ စိုက်ကြည့်နေဆဲ

ရိပေါ် အကိုတော့်လက်ထဲက ကိုကို့ ခန္ဓာကို သူ့ဆွဲလုရင်း တုန်ရီနေတဲ့ လက်တစ်ဖက်နဲ့ ကိုကို့ပါးကို တယုတယ ကိုင်လိုက်တယ်

"အကိုတော် ဘာလို့ငိုနေတာလဲ ကိုကိုက ဒီမှာ ရှိတယ်လေ ဒီမှာ ကိုကို အားနည်းနေလို့နေမှာ "

"မမဝမ်ချင်...နှစ်တစ်ထောင်ဆေးမြစ်နဲ့ ကျိုထားတဲ့ ဆေး ပေးလေ
ဒီမှာ ကိုကို အားနည်းနေတာ တိုက်ရမယ်"

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now