"ကလေး ကိုကို ကလေးကို နမ်းချင်တယ်"
အရင်တုန်းကဆို နမ်းချင်ရင် ကောက်ခနဲ နမ်းပစ်တဲ့ သူက အခုမှ
ဘာစိတ်ကူးပေါက် ခွင့်တောင်းနေပါလိမ့်"ကိုကို ကလေးကို အော်မိလို့ စိတ်မကောင်းဖြစ်နေတုန်းလား"
"ကိုကို မအော်ခဲ့သင့်ဘူး😔"
"မဟုတ်ဘူး ကလေးက ကိုကို့ရဲ့ အချစ်ကို နားမလည်ခဲ့တာ ကိုကို ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်"
"ကိုကို ကလေးကို အရမ်းချစ်လို့အော်ခဲ့မိတာပါ"
"အင်း ကလေး သိတယ် ကိုကိုသာ ကတိပေး အထိအခိုက်မရှိ ပြန်လာပါ့မယ်လို့ နော်"
"အင်း ကိုကို ကတိပေးပါတယ်
ဟို...အွင့်"သူ့ကို နမ်းဖို့ရာ အခုထိ တွန့်ဆုတ်နေတဲ့ နေနတ်ဘုရားကြီးရဲ့ နှုတ်ခမ်းချွန်လေးကို ဝမ်လေး စနမ်းလိုက်တယ်
"ပြွတ်...အွင့်..ပြွတ်..."
အနမ်းတို့ကို ကြာရှည်စွာ ပုံဖော်ရင်း
နှုတ်ခမ်းတို့ ပူထူလာမှ လွှတ်လိုက်တယ်"ကလေး နှုတ်ခမ်းလေးက ပေါက်တော့မယ့်အတိုင်းလေးပဲ "
"......"
"ကိုကို တိုက်ပွဲထွက်ဖို့
ဘယ်နှရက်မလိုသေးလဲ""ဆယ့်တစ်ရက် ကလေး"
ရှောင်ကျန့် ထို့သို့ပြောလိုက်တော့
လည်တိုင်ကို ဖက်ထားတဲ့ လက်တို့က ပိုမို တင်းကြပ်လာပြီး သူ့လည်ပင်းနားမှာ မျက်နှာ ဝှက်ထားတဲ့ ကလေးက ငိုမဲ့မဲ့လေး ဖြစ်နေမည်တော့ မလွဲဧကန်"ကိုကို ဂရုစိုက်ရမယ်နော် အိ.."
"ဟော..ကိုကို့ ကလေးလေးက ငိုနေပြန်ပြန်လား ကိုကို ပြင်ဆင်ထားသင့်တာ ပြင်ထားပါတယ် တအားကြီး စိတ်ပူမနေပါနဲ့"
"အဟင့်..ဟင့် က..ကလေးစိတ်ထဲ လေးနေသလိုပဲ ဟင့်..ဖြစ်နိုင်ရင် ကိုကိုနဲ့ အတူလိုက်ချင်တာ အဟင့်.ဟင့်./အိ"
"မငိုပါနဲ့တော့ကွာ ကလေးမျက်ရည်တွေက ကိုကို့အတွက် တန်ဖိုးရှိတယ် မငိုရဘူးနော် တိတ်တော့ "