Ep_6 ( Unicode)

1.7K 118 2
                                    


ချစ်ရတဲ့သူနဲ့ အတူတူဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ ကျတော့အတွက် ချိုမြန်လှပါတယ်

အခုချိန် ကလေး သတိရခဲ့ရင်လဲ
ကလေး ပေးတဲ့အပြစ်ကို
သူကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်

ဒါပေမယ့် ကလေးကိုတော့ သူ့အနားကနေ ထွက်သွားခွင့်တော့မပေးနိုင်ပါ

အတ္တကြီးတယ် တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ကျတော်
ချစ်ရတဲ့ ဝမ်လေးကို အနားမှာပဲ
ထားချင်တယ်

ရင်ခွင်ထဲ၌ အိပ်မောကျနေတဲ့ ကလေးကို သူ အကြည့်မလွှဲနိုင်ချေ
ဒီချစ်ဖို့ကောင်းတဲ့ ကလေးကို သူအိမ်ထဲမှာပဲ ထားတာ တရားရဲ့လား

ကလေးကို အခြားသူတွေကြည့်မှာ
မလိုလားပေမယ့် သူ့ကလေး စိတ်ညစ်နေမှာလဲ စိုးထိတ်ရပါသည်

သူ ရှောင် လုပ်ငန်းစုကို ပြန်အုပ်ချုပ်ရမယ်  သူ ကလေးနဲ့ လူ့လောကမှာနေဖို့ သူ့ရဲ့နတ်ဘုရားဘဝကို စွန့်လွှတ်ရမယ်လေ

ဒီ မြတ်နိုးရာလေးအတွက် သူဘာမဆို စွန့်လွှတ်ဖို့အသင့်ပါ ကလေးသာ သူ့အနားမှာရှိရင် ကျေနပ်ပါပြီ
ကလေးအပြုံးတွေကို မြင်ရရင်ပဲ
သူ ဒီကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသား ဖြစ်လာမှာပါ

ရင်ခွင်ထဲက ဖြူဖြူလုံးလုံးလေးကို
အသဲယားစွာ ခန္ဓာကိုယ်လေးကို
ဖိညစ်လိုက်တော့ အင့်  ခနဲ အသံထွက်လာကာ
မျက်စောင်းလေးထိုးလာပါတယ့်
သူ့မြတ်နိုးရာလေး

ထိုအခါမှ သူလွန်မှန်းသတိထားမိတယ် ကလေးက အိပ်ပုပ်လေးလေ

"ကလေး..နိုးသွားတာလား ..ပြန်အိပ်လိုက်နော်...ကိုကိုချော့သိပ်မယ်..ဟုတ်ပြီလား.."

ထိုအခါမှ မျက်စောင်းကိုယ်တော်လေးက

"လူကို အရုပ်များ မှတ်နေလား..
ဟွန့်...ဖိညစ်နေတာ လွန်ရော😒😒"

ဆိုကာ နှုတ်ခမ်းထော်ပြီး ဆူပုပ်ပုပ်
ပြောလာတဲ့ကလေးက သူ့ရင်ခွင်ထဲကိုတော့ ခေါင်းလေးဝေ့ကာ ပိုတိုးလို့ ဝင်လာတယ်လေ

အဟက် ဆူပုပ်နေပေမယ့်လဲ သူချော့သိပ်မှာတော့ မငြင်းရှာဘူးပဲ

ရင်ခွင်ထဲ တိုးဝင်လာတဲ့ ပေါက်စကို
ပြန်ဖက်ရင်း သီးချင်းလေးဆိုကာ
ကျောလေးကို ပုတ်ရင်း ဒီကလေးပေါက်စကို ချော့သိပ်လိုက်တယ်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now