Ep_9 (Unicode)

1.3K 110 3
                                    


လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က

စကြဝဠာရဲ့ သန့်စင်မှုကနေ ဖွားမြင်လာတဲ့ နေနတ်ဘုရားဟာ လောကသုံးပါး၌ စွမ်းအား အကြီးမားဆုံးဖြစ်ခဲ့သည်

သန့်စင်မှုကနေဖွားမြင်လာတဲ့
နေနတ်ဘုရားလောင်းကို ကောင်းကင်မင်းကြီးမှ ခမည်းတော်
နေရာယူကာ နတ်ဘုရားတို့ တတ်သင့်သော အတတ်ပညာတို့အား
သူတော်စင်ဆီ၌ သင်ကြားစေခဲ့သည်

နေနတ်ဘုရားပေါ်ပေါက်လာပြီး
မကြာမီ ကောင်းကင်နတ်ပြည်၌
မြင့်မြတ်သော နတ်ဘုရားများစွာ
ဖွားမြင်လာခဲ့သည်

ကောင်းကင်အိမ်ရှေ့စံ_ရန်ဇီချွမ်းကံကြမ္မာနတ်ဘုရား_မင်ရန်ရှင်း
စစ်နတ်ဘုရား  _ ဝမ်ကျိုးချန်
လနတ်ဘုရားမ_မုန့်ဇီယီ

နတ်ဘုရားလေးပါးလုံးဟာ
မြင့်မြတ်သော မျိုးနွယ်များမှ
ဖွားမြင်လာသည့်တိုင် တန်ခိုးရှိကြသည်

ကောင်းကင်မင်းကြီးမှ နတ်ဘုရားများအား သူတော်စင်ဆီ၌ အပ်နှံခဲ့ကာ ပညာသင်ကြားစေသည်

သက်တော်နှစ်ထောင့်ငါးရာပြည့်သောအခါ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်

ပညာသင်ကြားခဲ့သော နတ်ဘုရားလေးပါးလုံးသည် ငယ်ပေါင်းသယ်ငယ်ချင်းများဖြစ်ခဲ့သည်

ထိုအထဲ၌ အိမ်ရှေ့မင်းသားမှာ
နေနတ်ဘုရားကို ပြိုင်ဆိုလိုစိတ်ရှိသည်

လနတ်ဘုရားမမှာ နေနတ်ဘုရားအားစိတ်ဝင်စားသော်လဲ
နေနတ်ဘုရားမှာမူ ငယ်သူငယ်ချင်းအဆင့်သာ

တစ်နေ့ထက်တစ်နေ့ ပုံမှန်ဖြတ်သန်းခဲ့ရာ

နေနတ်ဘုရားနန်းတော်၌

"နေနတ်ဘုရား..နေနတ်.."

"မင်းကလဲကွာ..နှစ်ယောက်တည်းရှိချိန် ရှောင်ကျန့်လို့ပဲ ခေါ်ပါဆို"

"အမလေး..ကျတော်မျိုးကြီး မခေါ်ရဲကြောင်းပါဗျာ"

"အမလေး..မင်းပါးစပ်က ငါ့ကိုရိုရိုသေသေ ထွက်တာ အခြားသူရှေ့မှပါ😅  ကျိုးချန်ရာ"

"သိရင်ပြီးရော ငါ့ကောင်ကြီးရာ"
ဆိုပြီး နေနတ်ဘုရားကို စနောက် ပြောလေသည်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now