Ep. 2 zawgyi+uni

4.6K 349 1
                                    

နေနတ်ဘုရား၏
ရှင်သန်ရာ အချစ်(ep_2)

ရှောင်ကျန့် ဒီနေ့ သူအရမ်းပျော်နေမိသည် သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းရင်း ချစ်ခဲ့ရတဲ့ ကလေးက သူ့ရှေ့တည့်တည့်ပြန်ရောက်လာပြီလေ
သို့သော် သူ့ရင်ထဲ မွန်းကြပ်နေမိတယ်

"ကလေးသာ အကြောင်းစုံသိသွားရင် သူ့ကို မုန်းသွားမှာ
မရဘူး ကလေးကို ဒီဘဝမှာ
ကိုကို့အသက်နဲ့လဲပြီးကာကွယ်ပေးမယ် ကိုကိုဘေးကနေ ကလေး ဘယ်မှ ထွက်မသွားရဘူး ဒီဘဝမှာတော့ မဝေးစေရတော့ဘူး"
ရှောင်ကျန့်အတွေးတွေယောက်ယက်ခတ်နေပြီ
ကလေးရဲ့ မိသားစုကို သိရပြီ

"အခု ငါ ဘယ်ကနေစ လုပ်ရမလဲ??"

ဝမ်အိမ်တော်၌
" ပါးရေ ...ပါး"
ဝမ်ပါး တစ်ယောက် လူမပေါ်သေးဘဲ အသံအရင်ရောက်လာတော့ ဝမ်လေးကြောင့် ခေါင်းခါမိတယ်
"ဒီကလေး ဘယ်ချိန်မှ ရင့်ကျက်ပါ့မလဲ"
ဝမ်လေးသာအကြောင်းစုံသိသွားခဲ့ရင်...
ဝမ်ပါူတစ်ယောက် သားတော်မောင်အတွက် တွေူပူနေရတယ်
"ပါး..လို့"
ဟောကြည့် သူခေါ်တာ အရေးမလုပ်လို့ နှုတ်ခမ်းထူထူလေးက ဆူချိတ်နေလေပြီ
"ပြောစေ..ပါးအချစ်လေး"
ထိုအခါမှ ကိုယ်တော်လေးက
"ဟီး😁😁ပါး သားလေ ဟို...
ဒီနေ့လျောက်လည်ချင်လို့😁"
ဝမ်လေးစိတ်ထဲ၌ မနေ့က စျေးကိုပြန်သွားရမယ် ဟွန့်..
ဟိုလူကြီးနာမည်တောင်မမေးခဲ့ရဘူး ငါကတော့လေ
အ ချက်က 9+ ပဲ🤔
သူ့ကိုယ်သူ ဂုဏ်ဆာနေတဲ့
ဝမ်လေးရယ်ပါ
" မရဘူး သားငယ် မနေ့က ဘာလုပ်မိလဲ ကိုယ့်ဘာသာပြန်စဉ်းစား🤨🤨"

"ပါးကလဲ သားက စကိတ်လေးစီးချင်လို့ကို နော်လို့.."

ဟောကြည့် puppy eyeတွေနဲ့
ကပ်ချွဲပြန်ပြီ ဒီပုံစံတွေသာ လူတွေမြင်ကုန်ရင် ဒုက္ခ
"ဒီနေ့ စကိတ်ကွင်းပဲသွားရမယ်"
"ဟွန့်..ပါးကလဲ"
ငါကဟိုလူကြီးတွေ့ချင်လို့ပါဆို ရပါတယ် စကိတ်စီးရလဲ အမြတ်ပေါ့

ရှောင်ကျန့် ဒီနေ့ ကလေးအိမ်ရှေ့မှာ ကားရပ်ပြီးစောင့်ကြည့်နေသည်မှာ မနက် ခြောက်နာရီကတည်းက
ညနေခင်းမှ ကိုယ်ရံတော် ကားနှစ်စီးနဲ့ အပြင်ထွက်သွားတဲ့ ကလေးကို မြင်ရလေသည် ဒူးဖုံးဘောင်းဘီ အဖြူလေးနဲ့ အင်္ကျီ အစိမ်းရောင် တီရှပ် ဝတ်ထားသော ကလေးက ချစ်စဖွယ်အတိ
အရင်ကလို ပါးဖောင်းဖောင်းလေးတွေက ကိုက်ပစ်ချင်စရာ ချယ်ရီရောင်သန်းနေတဲ့
နှုတ်ခါးပါးက သူအရင်ကနမ်းနေကျ သကြားတုံးလေး
တွေ့မြင်သူတိုင်း ငေးကြည့်ချင်စရာ ချစ်စရာကောင်းလွန်းလှတဲ့ ကလေးကို သူစိတ်မချနိုင်ပါ ကလေးကို သူ့အနားပြန်ခေါ်ဖို့ရာ သူကြိုးစားရတော့မယ်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now